DVB Logo
Home
မြန်မာသတင်း
မောင်တောသို့ တရုတ်နိုင်ငံခြားရေး အထူးကိုယ်စားလှယ် လာရောက် လေ့လာ
DVB
·
February 27, 2019
မောင်တောသို့ တရုတ်နိုင်ငံခြားရေး အထူးကိုယ်စားလှယ် လာရောက် လေ့လာ
1 / 6
Donate to DVB

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်ဂေါ်ရှန်းဟာ မနေ့က မောင်တောဒေသကို ပထမဆုံးအကြိမ် လာရောက်လေ့လာခဲ့ ကြပါတယ်။

မစ္စတာစွန်ဂေါ်ရှန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဖေဖော်ဝါရီလ ၂၆ ရက် မနက်​က ရခိုင်ပြည်နယ် စစ်​​တွေသို့ လာရောက်ခဲ့ပြီး ​မောင်​​တောမြို့ရှိ လှဖိုးခေါင် ယာယီလက်ခံရေးစခန်းကို ​နေ့လယ်ပိုင်းက သွားရောက်ခဲ့ပါတယ်။

ခရီးစဉ်အတွင်း တရုတ်နိုင်ငံက လှူဒါန်းထားတဲ့  Assenble House အလုံး ၁၀၀၀ ရောက်ရှိ မရှိ လေ့လာခဲ့သလို ပြန်လည်လက်ခံရေးစခန်းရှိ ဆေးပေးခန်း၊ မီးဖွားခန်းနဲ့ လူနေဆောင်တွေကိုလည်း လေ့လာခဲ့ပါတယ်။

ဒါ့အပြင် ရွှေစားကျေးရွာအုပ်စု ကပ္ပကောင်း မူလွန်ကျောင်းမှာ ရခိုင်၊ ဟိန္ဒူ၊ မွတ်စလင် အသိုင်းအ၀န်း သုံးခုလုံးနဲ့တွေ့ဆုံပြီး လက်ရှိ စားသောက်နေထိုင်ရေး အဆင်ပြေ၊ မပြေ အခြေအနေတွေကို မေးမြန်းခဲ့ပါတယ်။

မစ္စတာစွန်ဂေါ်ရှန်းက သူ့အနေနဲ့ လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းကို အဓိက ထားလေ့လာဖို့ လာရောက်တာ ဖြစ်ပြီး  အခု ရွှေစားကျေးရွာမှာ လူအသိုင်းအဝန်းသုံးခုလုံး သင်မြတ်စွာ နေထိုင်နိုင်တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း မိမိတို့ တရုတ်နိုင်ငံမှာလည်း မတူညီတဲ့ လူမျိုးတွေအကြား ဒီလို သင်မြတ်အောင်နေထိုင်နိုင်လို့ တိုင်းပြည်တိုးတက်လာတာ ဖြစ်ကြောင်းနဲ့ ပဋိပက္ခအမြဲဖြစ်နေရင် တိုးတက်ကြီးပွားဖို့ မလွယ်ကူနိုင်င်ကြောင်း ရှင်းပြခဲ့ပါတယ်။

မစ္စတာစွန်ဂေါ်ရှန်းဟာ စစ်တွေမြို့မင်းကန်ရှိ  အိုင်ဒီပီစခန်းနဲ့ စစ်တွေမြို့ရှိ ဟိန္ဒူမဟာရှိဗာဘုရားကျောင်းတို့ကိုလည်း သွားရောက် လေ့လာဖို့ရှိ ပါတယ်။

ဟိန္ဒူမဟာရှိဗာဘုရားကျောင်းမှာ ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးကတည်းက မောင်တောဒေသမှ ထွက်ပြေးလာသူ ဟိန္ဒူဒုက္ခသည်မိသားစု ၂၁ စု လူဦးရေ ၆၈ ဦး နေထိုင်နေ ကြတာပါ။

စစ်တွေမြို့မင်းကန်ရှိ အိုင်ဒီပီစခန်းကတော့  ၂၀၁၂ ခုနှစ် ပဋိပက္ခကတည်းက စစ်တွေမြို့ ပေါ်က ထွက်ပြေးနေထိုင်နေကြတဲ့ ရခိုင်ဒုက္ခသည်စခန်းဖြစ်ပြီး အိမ်​ထောင်​စု ၁၅၁ စု လူဦးရေ ၇၁၀ ဦး​နေထိုင်​ နေကြပါတယ်​။

သက်ကယ်ပြင် အိုင်ဒီပီစခန်းကတော ၂၀၁၂ ပဋိပက္ခကြောင့် စစ်တွေမြို့ပေါ်မှ ဘင်္ဂါလီတွေ  နေထိုင်နေကြတဲ့ ဒုက္ခသည်စခန်းဖြစ်ပြီး အိမ်ထောင်စု ၁၀၀၀ လူဦးရေ ၅၇၇၁ ဦး​နေထိုင်​​နေကြပါတယ်​။

ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013