
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးထောက်ခံပွဲ လူထုလှုပ်ရှားမှုတခုကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ဒီကနေ့မွန်းလွဲပိုင်းက ပြုလုပ်နေပါတယ်။
အဆိုပါလူထုလှုပ်ရှားမှုကို ရန်ကုန်တိုင်းအတွင်း မြို့နယ်အသီးသီးက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အားပေးထောက်ခံသူတွေ လာရောက်ခဲ့ကြပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်အတွင်းက ပြင်ဆင်ရမှာ ဖြစ်ပေမယ့် ဖွဲ့စည်းပုံပြင်ဆင်ဖို့ ကြိုးစားနေတဲ့ လက်ရှိအစိုးရနဲ့နောက်မှာ ပြည်သူတွေထောက်ခံမှု ရှိတယ်ဆိုတာ ပြသလိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာလို့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဧည့်လမ်းညွန်အသင်းသား တဦးက ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ရှားမှုနဲ့အတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လက်မှတ်ရေးထိုးတောင်းဆိုတဲ့ ကမ်ပိန်းတခုလည်း ပြုလုပ်ခဲ့ကြပါတယ်။
သတင်း၊ ဓာတ်ပုံ- လွင်မှိုင်း











