DVB Logo
Home
Lead Story
အစ်ကိုငြိမ်းမောင်နှင့် ခင့်အကြောင်း(သို့) နီနီခင်ဇော်၏ ပစ်တိုင်းထောင် သီချင်းသစ် (ရုပ်သံ)
DVB
·
February 27, 2019
အစ်ကိုငြိမ်းမောင်နှင့် ခင့်အကြောင်း(သို့) နီနီခင်ဇော်၏ ပစ်တိုင်းထောင် သီချင်းသစ် (ရုပ်သံ)
Donate to DVB

နာမည်ကြီး အဆိုတော် နီနီခင်ဇော်ဟာ ထူးခြားတဲ့ တေးသရုပ်ဖော်တင်ဆက်မှုတွေနဲ့အတူ ပရိသတ် အချစ်တော်အနုပညာရှင်တဦးဖြစ်ပြီး ဒီတခါမှာလည်း ပစ်တိုင်းထောင်လို့ အမည်ပေးထားတဲ့ တေးသရုပ်ဖော်သီချင်းတပုဒ်ကို တင်ဆက်လိုက်ပြန်ပါပြီ။

    ဒီသီချင်းကိုတော့ အဖြူအမည်းခေတ်ဟောင်းရုပ်ရှင်ကားတွေထဲကလို ဆန်းဆန်းပြားပြား ရိုက်ကူးထားခဲ့တာဖြစ်ပြီး သူကိုယ်ပိုင်ထုတ်လုပ်နေတဲ့ စူပါရက်ဒ်အလှကုန်ရဲ့ ထုတ်ကုန်သစ် ပစ်တိုင်းထောင်နှုတ်ခမ်းနီကိုပါ သီချင်းနဲ့အတူ အသစ်မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။

    ဒါရိုက်တာ စနိုးမိုင်လီက ပုံဖော်ရိုက်ကူးပေးထားတဲ့ ဒီတေးသရုပ်ဖော်ရုပ်သံဗွီဒီယို မှာတော့ နီနီခင်ဇော်နဲ့အတူ ဟာသသရုပ်ဆောင် ငှက်ပျောကြော်၊ အဆိုတော် သိန်းလင်းစိုး၊ ပရိသတ် အချစ်တော် ကလေးသရုပ်ဆောင် ထိပ်ထားသခင်၊ ကြည့်မြင်တိုင်မျက်မမြင် ကျောင်း၊ စန္ဒာရာမ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေက ကလေးငယ်တွေပါ ပါဝင်သရုပ်ဆောင်ထားခဲ့ ကြတာပါ။

    အရင်က တင်ဆက်ခဲ့တဲ့ ပုံစံအတိုင်း ဒီသီချင်းထဲမှာ ချစ်သူကိုငြိမ်းမောင်အလာကို စောင့်နေတဲ့ ခင့်အကြောင်းကို ပုံစံတမျိုးနဲ့ ရှုစားကြရမှာဖြစ်ပြီး ဒီတခါမှာတော့ ကိုငြိမ်းမောင်ရဲ့ ပြိုင်ဘက် မြို့ပိုင်မင်းသား ဂျော်နီချက်ဖောင်းနဲ့ အသားမည်းမည်းနဲ့ ဖိုးတုတ်တို့ရဲ့ သရုပ်ဆောင်မှု တွေကိုပါ ထည့်သွင်းရိုက်ကူးထားခဲ့တာကို တွေ့ရပါတယ်။

    အဲဒီနောက်မှာတော့ ကလေးတွေ ကစားနေကြတဲ့ အနီးဝန်းကျင်တခုမှာ မျက်စိ မမြင်ရတဲ့ ကလေးတယောက်ကို တွေ့ရှိခဲ့ပြီး သူ့ကို ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ပစ်တိုင်းထောင် အရုပ်ကလေးလို မယိုင်မလဲပဲ စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ ဆက်လျှောက် လှမ်းနိုင်စေဖို့ ရည်ရွယ်ပြီး ၀ိုင်းဝန်းအားပေးကြတဲ့အကြောင်း ကောင်းမွန်တဲ့ တင်ဆက်ပုံတွေကို ပရိသတ်တွေက ရှုစားကြ ရမှာပါ။

    ဒီတေးသရုပ်ဖော်သီချင်းစာသားကိုတော့ နီနီခင်ဇော်က ရေးစပ်ထားခဲ့ပြီး အဆိုတော် သိန်းလင်းစိုး၊ ကျော်သီဟတို့နဲ့အတူ သီဆိုထားခဲ့တာ ဖြစ်ပါတယ်။

    ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ကိုတော့ နီနီခင်ဇော်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာ ပေါ်မှတဆင့် မျှဝေထားခဲ့ပြီး ခုလိုရေးသားထားခဲ့တာကို တွေ့ရပါတယ်။

    “ပစ်တိုင်းထောင် တေးသရုပ်ဖော် - ဒီတခါတော့ အကိုငြိမ်းမောင်နဲ့ ခင့်ဘဝ နီး စပ်ခါနီးမှာပဲ ပိုးပန်းနေတဲ့သူတွေကြောင့် ဗျာများနေတဲ့ ခင်တယောက် ... လောကဓံကို ကြံ့ကြံ့ခံဖို့ အားပေးနေတဲ့ ပစ်တိုင်းထောင်လေး နဲ့ ခင့်အကြောင်း စူပါရက်ဒ် အလှကုန်မှ ရိုက်ကူးဖော်ပြ လိုက်ပါတယ်”

    နီနီခင်ဇော်ဟာ The Best of Melody World 2018 သီချင်းဆိုပြိုင်ပွဲမှာ Winner ဆု ရရှိခဲ့ပြီးနောက်မှာ ဂီတလောကထဲကို ခြေချခဲ့တာဖြစ်ပြီး တကိုယ်တော်တေးအယ်လ် ဘမ်တွေမှာရော၊ အတွဲခွေပေါင်းများစွာမှာပါ သီဆိုအောင်မြင်ခဲ့တဲ့ တေးသံရှင်တဦး ဖြစ်ပါတယ်။

    လက်ရှိမှာတော့ သူဟာ နာမည်ကြီးသီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ The Voice Myanmar သီ ချင်းဆိုပြိုင်ပွဲမှာ အဆိုတော် R ဇာနည်၊ ရန်ရန်ချန်း၊ ကျားပေါက်တို့နဲ့အတူ ဒိုင်တဦးအဖြစ် ပါဝင်ဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013