DVB Logo
Home
မြန်မာသတင်း
တွင်းထွက်သယံဇာတလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရန်  ဥပဒေရေးဆွဲမည်
DVB
·
February 27, 2019
တွင်းထွက်သယံဇာတလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရန်  ဥပဒေရေးဆွဲမည်
Donate to DVB

တွင်းထွက်သယံဇာတလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့  EITI ဥပဒေတရပ်ပေါ်ထွန်းလာရေးအတွက် ပြည်ထောင်စု လွှတ်တော်အနေနဲ့ ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ဒု နာယကဦးထွန်းထွန်းဟိန် ကပြောပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်ဝင်းအတွင်းက သဘင်ခန်းမဆောင်မှာပြုလုပ်တဲ့ မြန်မာနိုင်ငံ တွင်းထွက်သယံဇာတလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး လုပ်ငန်းစဉ်နဲ့ ပတ်သတ်ပြီး မိတ်ဆက်ရှင်းလင်းတဲ့ အခမ်းအနားမှာ ပြောဆိုသွားတာပါ။

မြန်မာနိုင်ငံဟာသဘာဝသယံဇာတ ပေါကြွယ်ဝတဲ့နိုင်ငံဖြစ်တဲ့အတွက် သယံဇာတ ကျိန်စာကနေ ကျော်လွှားနိုင်ဖို့  တွင်းထွက်သယံဇာတလုပ်ငန်းတွေအနေနဲ့ ပွင့်လင်း မြင်သာစွာ ဖော်ဆောင်နိုင်ရေး EITI လုပ်ငန်းစဉ်ပါ စည်းကမ်းချက်တွေကို လိုက်နာ ဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့လည်း ဒုတိယ နာယက ကဆိုပါတယ်။

ဒီအတွက် လွှတ်တော်အနေနဲ့ EITI ဥပဒေကိုရေးဆွဲဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ရေးဆွဲ ပြဋ္ဌာန်းပြီးပါက မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေအနေနဲ့ အခုထက် ပိုမိုဝင်ရောက် လာစေမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ EITI လုပ်ငန်းစဉ်တွေကို ၂၀၁၄ ခုနှစ်က စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ်သာရှိနေပါတယ်။

အစီရင်ခံစာ အနေနဲ့လည်း ၃ စောင်ထွက်ရှိထားပြီးဖြစ်တဲ့အတွက် အဖွဲ့ဝင်လောင်း နိုင်ငံအဖြစ်ကနေ အဖွဲ့ဝင် နိုင်ငံအဖြစ် ဝင်ရောက်ခွင့်ရရှိနိုင်ဖို့ ဝန်ကြီးဌာနအနေနဲ့ လုပ်ဆောင်နေတယ်လို့ လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013