DVB Logo
Home
မြန်မာသတင်း
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရန် ဇီးကုန်းမြို့တွင် ဆန္ဒပြ
DVB
·
February 27, 2019
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရန် ဇီးကုန်းမြို့တွင် ဆန္ဒပြ
1 / 6
Donate to DVB

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း ဇီးကုန်းမြို့နယ်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံကြိုဆိုတဲ့ ဆန္ဒပြပွဲနဲ့ ဆိုင်းဘုတ်ထူပွဲကို ဒီကနေ့မနက်က ကျင်းပပါတယ်။

ဆန္ဒပြပွဲဦးဆောင်သူ ဦးဝင်းလှိုင်က “နိုင်ငံတနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အလွန်အရေးကြီး ပါတယ်။ မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အခုအချိန်မှာ အသက်တမျှ အလွန်အရမ်းအရေးကြီးတဲ့ အခြေအနေဖြစ်တဲ့အတွက် ပြည်သူလူထုအားလုံးရဲ့ သဘောဆန္ဒနဲ့ အညီ ပါဝင်နိုင်တဲ့ အခြေခံဥပဒေ ဖြစ်ဖို့ လိုတယ်။ ပြည်သူလူထုရဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွား ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြစ်ဖို့လိုတဲ့အတွက် ဖွဲ့စည်းအခြေခံဥပဒေဟာ အသက်တမျ အရေးကြီးတယ်” ပြောပါတယ်။

ဆန္ဒပြတဲ့ ပြည်သူအင်အား ၃၀၀ လောက်က မြို့တွင်းစီတန်းလှည့်လည်ပြီး “နိုင်ငံတော်ကြီး တိုးတက်ဖို့ ၂၀၀၈ အခြေခံဥပဒေပြင်ကြစို့”၊ “ကောင်းမွန်မှန်ကန်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး ပြည်သူအားလုံး ဝန်းရံပေး” စတဲ့ ပိုစတာတွေကိုင်ဆောင်ပြီး ရွာမလမ်းထိပ် ဘိုးဘွားရိပ်သာခန်းမရှေ့မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ကြိုဆိုထောက်ခံတဲ့ ဆိုင်းဘုတ်စိုက်ထူခဲ့ ပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013