DVB Logo
Home
Lead Story
ဆိုက္ကားနင်းပြီးစုံတွဲဓာတ်ပုံရိုက်ခဲ့ကြသည့် ဇဏ်ခီဇနီးမောင်နှံ(ဓာတ်ပုံ)
DVB
·
February 27, 2019
ဆိုက္ကားနင်းပြီးစုံတွဲဓာတ်ပုံရိုက်ခဲ့ကြသည့် ဇဏ်ခီဇနီးမောင်နှံ(ဓာတ်ပုံ)
1 / 6
Donate to DVB

    ပရိသတ်တွေကြားမှာ အားကျကြရတဲ့ အနုပညာရှင်စုံတွဲဖြစ်တဲ့ သရုပ်ဆောင် မင်းသား ဇဏ်ခီနဲ့ ဇနီးဖြစ်သူ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံဟာ ဒီတခါမှာလည်း ထူးခြားတဲ့ ဓာတ်ပုံတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပြန်ပါပြီ။

    လှပတဲ့ ပုသိမ်ထီးအကြီးတခုနဲ့ အလှဆင်ထားတဲ့ ဆိုက္ကားတစီးပေါ်မှာ မြန်မာ့ရိုးရာ ၀တ်စုံတွေနဲ့အတူ ဇဏ်ခီက နင်းနေဟန်၊ ချစ်သူကို လိုက်ပို့နေဟန် ရိုက်ကူးထားတဲ့ ဒီ ဓာတ်ပုံတွေကိုတော့ ဓာတ်ပုံဆရာ မင်းသူကျော်က ရိုက်ကူးပေးထားခဲ့တာ ဖြစ်ပါတယ်။

    ခရစ္စတီးနားခီကတော့ ဒီပုံတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ် မှတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး ခုလိုရေးသားထားခဲ့တာ ဖြစ်ပါတယ်။

“လမ်းတွေအရမ်းပိတ်နေလို့... ရူတင်သွားရင်ဆိုက်ကားနင်းပြီး လိုက်ပို့မလို့ပါတဲ့ ...😁😁😁 ဓါတ်ပုံဆရာကြီး Min Thu Kyaw”

ပြုံးပြုံးရွှင်ရွှင်နဲ့ အတွဲညီညီ ရိုက်ကူးထားခဲ့ကြတဲ့ ဒီဓာတ်ပုံတွေဟာ လတ်တလော မှာတော့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံပို့စ်ရဲ့ အောက်မှာတော့ ခင်ပွန်းဖြစ်သူ ဇဏ်ခီက ခုလို အရွှန်းဖောက်မှတ် ချက်ရေးထားခဲ့တာကို တွေ့ရမှာဖြစ်ပြီး ပရိသတ်တွေက အပြန်အလှန်မှတ်ချက်တွေပေး နေခဲ့တာကိုလည်း တွေ့ရပါတယ်။

“ဘဝတစ်ကွေ့မှာ ကိုယ်ဟာ အနှေးယဉ်မောင်းသမားတစ်ယောက်ဖြစ်ခဲ့ရင် မင်း လေးကိုယ့်ရဲ့ဘေးနားမှာ ရှိနေဦးမှာလား..(ဟား မိုက်တယ်ကွာ 😀)”

ဥပါယ်တံမျဉ်၊ မုဒြာရဲ့ ခေါ်သံစတဲ့ ရုပ်ရှင်ကား ၂ ကားနဲ့ မြန်မာ့ရုပ်ရှင်လောကကို အရွေ့တခုဖြစ်စေခဲ့တဲ့ ခီမောင်နှံက အဆိုပါ ရုပ်ရှင်ကား ၂ ကားနဲ့ အကယ်ဒမီဆန်ကာတင် စာရင်းမှာ ပါဝင်နေခဲ့ပြီး အနုပညာလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နေကြတာ ဖြစ် ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013