DVB Logo
Home
မြန်မာသတင်း
တပ်မတော်သားအယောင်ဆောင် ဖမ်းဆီးနှိပ်စက်မှု တွေ့ရှိပါက တိုင်ကြားနိုင်
DVB
·
February 27, 2019
တပ်မတော်သားအယောင်ဆောင် ဖမ်းဆီးနှိပ်စက်မှု တွေ့ရှိပါက တိုင်ကြားနိုင်
Donate to DVB

တပ်မတော်သားအယောင်ဆောင်ပြီး အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်တာတွေ တွေ့ရင် သက်ဆိုင်ရာ ရဲစခန်းတွေနဲ့ တိုင်းစစ်ဌာနချုပ်ကို အထောက်အထားနဲ့ တိုင်ကြားကြဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တိုက်တွန်း ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်ထဲက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ၊ ပြည်သူတွေနဲ့ ကျောင်းသားကျောင်းသူတွေကို တပ်မတော်အသုံးအဆောင် ပစ္စည်းတွေဝတ်ပြီး တပ်မတော်သားအယောင်ဆောင်လို့ အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်တာ၊  ဖမ်းဆီး ခေါ်ဆောင်သွားတာ၊ မင်းမဲ့စရိုက်ဆန်ဆန်ပြုမူလုပ်တာတွေကို ဒေသခံပြည်သူတွေ သတင်းပေးတာနဲ့ သိမ်းဆည်းရမိခဲ့တဲ့ အထောက်အထားတွေအရ သိရတဲ့အပြင် လူမှုကွန်ရက် စာမျက်နှာတွေမှာလည်း စွပ်စွဲဝါဒဖြန့်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

တပ်မတော်စစ်ကြောင်းတွေက ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်ထဲမှာ လုံခြုံရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရာမှာ အေအေအဖွဲ့ဝင်တွေဆီက အလောင်းတွေ၊ လက်နက်၊ ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ၊ အသုံးအဆောင်ပစ္စည်းတွေနဲ့ တပ်မတော်သုံးအဆင့်တံဆိပ်၊ ပခုံးဒေါက်နဲ့ ကော်လံတံဆိပ်တွေ သိမ်းဆည်းရမိတယ်လို့လည်း ဖေဖော်ဝါရီ ၁၉ နဲ့ ၂၆ ရက်တို့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြောက်ဦး-ကျောက်တော်-စစ်တွေကားလမ်းရဲ့ အရှေ့ဘက်တောင်ကုန်းတွေမှာ အေအေ အဖွဲ့တွေက လေ့ကျင့်ရေးစခန်းဖွင့်လှစ်ဖို့နဲ့ စည်းရုံးရေးနယ်မြေ တည်ဆောက်ဖို့အတွက် ရောက်လာပြီး အများပြည်သူသုံးနေတဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကို နှောင့်ယှက်ဖျက်ဆီး လာလို့ လုံခြုံရေး လုပ်ငန်းတွေ လုပ်ခဲ့တယ်လို့လည်း တပ်မတော် သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013