DVB Logo
Home
မြန်မာသတင်း
ပရိသတ်ကို ဖမ်းစားနိုင်ခဲ့တဲ့ The Voice Myanmar ပြိုင်ပွဲဝင်တယောဆရာမလေး ခိုင်(ရုပ်သံ)
DVB
·
February 27, 2019
ပရိသတ်ကို ဖမ်းစားနိုင်ခဲ့တဲ့ The Voice Myanmar ပြိုင်ပွဲဝင်တယောဆရာမလေး ခိုင်(ရုပ်သံ)
Donate to DVB

    ခုလက်ရှိ ကျင်းပနေတဲ့ The Voice Myanmar Season 2 ရဲ့ Blind Audition မှာ ပြိုင်ပွဲဝင်တယောက်ဖြစ်တဲ့ ခိုင်က ဆွဲဆောင်မှုရှိတဲ့ အဆိုစွမ်းရည်နဲ့ ပရိသတ်တွေကိုရော Coach တွေကိုပါ ဖမ်းစားနိုင်ခဲ့ပါတယ်။

    အသက် ၂၁ နှစ်အရွယ် ခိုင်က Can’t Take My Eyes Off You သီချင်းနဲ့ ပြိုင်ပွဲ ၀င်ခဲ့တာဖြစ်ပြီး လားရှိုးမြို့က လာရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

    သူဟာ တယောတူရိယာသင် ဆရာမလေးတယောက်ဖြစ်ပြီး ဒီပြိုင်ပွဲမှာတော့ ဂစ်တာကို ကိုယ်တိုင်လွယ်ပြီး အင်္ဂလိပ်လို သီချင်းကို ပိုင်ပိုင်နိုင်နိုင် သီဆိုတဲ့ ဟန်ဟာ တကယ့်ကို ထူးခြားနေခဲ့ပါတယ်။

    ချစ်စဖွယ် ဟန်ပန်နဲ့ သူ့ရဲ့ ထူးခြားတဲ့ အသံဟာ နောက်ကျောခိုင်းထားတဲ့ Coach ၄ ယောက်စလုံးကိုသာမက ကြည့်ရှုနေတဲ့ ပရိသတ်ကိုပါ ဆွဲဆောင်ထားနိုင်ခဲ့တာပါ။

    သီချင်းကို စဆိုပြီး သိပ်မကြာခင်မှာပဲ Coach ထဲက တယောက်ဖြစ်တဲ့ အဆို တော် ကျားပေါက်က လှည့်ခဲ့ပြီး အဲဒီနောက်မှာတော့ နီနီခင်ဇော်ကပါ လှည့်ခဲ့တာ ဖြစ်ပါ တယ်။

    အဲဒီနောက်မှာတော့ ကျန်တဲ့ Coach ၂ ဦးဖြစ်တဲ့ R ဇာနည်၊ ရန်ရန်ချန်းတို့ကပါ ဆက်တိုက်လှည့်ခဲ့ကြပြီး အားပေးကြည့်ရှုခဲ့ကြတာကို တွေ့ရပါတယ်။

    သီချင်းအဆုံးမှာတော့ Blind Audition ရဲ့ ထုံးစံအတိုင်း Coach ၄ ယောက်ထဲက တဦးကို ရွေးချယ်ရတာဖြစ်ပြီး ခိုင်ကတော့ ကျားပေါက်ကို ရွေးချယ်ခဲ့ပါတယ်။

    မနှစ်က စတင်ပြီး မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ The Voice Myanmar သီချင်းဆို ပြိုင်ပွဲဟာ ပရိသတ်စိတ်ဝင်စားအားပေးမှု များခဲ့ပြီး နိုင်ငံတကာမှာလည်း ပရိသတ်သန်းချီရှိနေတဲ့ The Voice သီချင်းဆိုပြိုင်ပွဲရဲ့ တရားဝင်အသိအမှတ်ပြုမှုနဲ့ ကျင်းပနေတာပါ။

ဒီပြိုင်ပွဲမှာတော့ Blind Auditions, Battle Rounds, Knock Out Rounds နဲ့ နောက်ဆုံးအဆင့် Live Shows ဆိုပြီး အပိုင်းလေးပိုင်းခွဲကာ အကြိတ်အနယ်ယှဉ်ပြိုင်ကြ ရတာ ဖြစ်ပါတယ်။

    မနှစ်က ကျင်းပပြုလုပ်ခဲ့တဲ့ Season 1 မှာတော့ Coach လင်းလင်းရဲ့ အဖွဲ့မှ ပြိုင် ပွဲဝင် ငွေစိုးက Winner ဆုကို ရရှိခဲ့ပါတယ်။

    အခုလက်ရှိကျင်းပနေတဲ့ Blind Audition ရဲ့ ပထမသီတင်းပတ်မှာတော့ အဆို စွမ်းရည်ပြသနိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများအပြားပါဝင်ခဲ့တာကိုတွေ့ရပါတယ်။

မက်တယ်လ် အကြမ်းစားသီချင်းတပုဒ်သီဆိုရင်း ပရိသတ်အားပေးမှုရရှိထားတဲ့ နို ဗန်ထူး၊ ထူးခြားတဲ့ အမြွှာပြိုင်ပွဲဝင် ၂ ဦးဖြစ်တဲ့ Twins Star ၊ တခြားပြိုင်ပွဲဝင် တွေဖြစ် ကြတဲ့ A ဒေး၊ ခွန်းဝတီပြည့်တို့ဟာလည်း ထူးခြားတဲ့ ပြိုင်ပွဲဝင်တွေဖြစ်တာမို့ စောင့်ကြည့် ကြရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013