DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် ဘတ်ငွေ ၁ သိန်း ခိုးမှုဖြင့် မြန်မာအိမ်ဖော် ဖမ်းဆီးခံရ
DVB
·
February 27, 2019
ဘန်ကောက်တွင် ဘတ်ငွေ ၁ သိန်း ခိုးမှုဖြင့် မြန်မာအိမ်ဖော် ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မှာ အလုပ်ရှင်ရဲ့ ဘတ်ငွေ တသိန်းခိုးယူမှုနဲ့ မြန်မာအိမ်ဖော်တဦး ဖမ်းဆီးခံရတယ်လို့ ဆယမ်ရတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အသက် ၃၄ နှစ်ရွယ်ရှိ ဆီရိ ခေါ် နန့် ရွှေဇင်မာဆိုသူ မြန်မာအိမ်ဖော်ဟာ အလုပ်ရှင်ရဲ့ ငွေ  တသိန်းခိုးယူသွားကြောင်း တိုင်ကြားချက်ရရှိလို့ ကွင်းဆက်တွေ ဆက်လက်စုံစမ်းရာက သူမကို ဘန်ကောက် ဘန်ကပီ နယ်မြေ ခလောင်းကျန်ရပ်ကွက် ဆီရီဘွန်းဖားလမ်းရှိ သူ့ရည်း စားရဲ့တိုက်ခန်းမှာ ဖမ်းဆီးရမိခဲ့တာလို့  ထိုင်းအမျိုးသားလူဝင်မှု ကြီးကြပ်ရေးရဲတပ်ဖွဲ့က မနေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ဒီမတိုင်ခင်က သူဟာ ဘန်ကောက်ရှိ ကွန်ဒိုမီနီယံတခုမှာ သန့်ရှင်းရေးအလုပ်ဝင်လုပ် နေကြောင်း၊ သူအလုပ်ဝင်ပြီး ၂ ရက်အကြာ ဖေဖော်ဝါရီ ၂၄ ရက်က ယောက္ခထီး ရုတ်တရက်ကွယ်လွန်သွားလို့ဆိုပြီး အိမ်ပြန်ဖို့ ခွင့်ပန်ခဲ့တယ်လို့ ဆိုပါတယ်။

အိမ်ရှင်က သူမကို တက္ကစီကားပေါ်တင်ပေးပြီးအပြန်မှာ မသင်္ကာလို့ အိပ်ခန်းထဲ စစ်ကြည့် တော့ ဘီဒိုထဲမှာ အ၀တ်တွေမွှေနှောက်ဖွထားတာတွေ့ရပြီး ဘီဒိုအံဝှက်ထဲက  အံပေါင်း စာအိတ်ထဲ ထည့်ထားတဲ့ ဘတ်ငွေ ၁ သိန်းပျောက်ဆုံးသွားလို့ ရဲစခန်းကို တိုင်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲတပ်ဖွဲက သူ့ကို ၂ရက်ကြာ စုံစမ်းရှာဖွေပြီးနောက် မနေ့ကဖမ်းမိခဲ့ကြောင်း၊  နန့်ရွှေဇင်မာ ကလည်း အလုပ်ရှင်ရဲ့ငွေကို ယူခဲ့တယ်လို့ ၀န်ခံပြီး လက်ရှိ သူထံမှာ ဘတ် ၂၀၀၀၀ရှိကာ ကျန်တဲ့ ၈၀၀၀၀ကိုတော့ သူငယ်ချင်းထံအပ်ထားတယ်လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့က ဘတ်ငွေ တသိန်းလုံးကို ပြန်လည်သိမ်းဆည်းခဲ့ပြီး သူဟာ  အရင်ကလည်း အခုလို ခိုးမှုတွေ ကျူးလွန်ခဲ့တာကြောင့် သူ့ရဲ့ ပစ္စည်းအခိုးခံရဖူးခဲ့သူတွေအနေနဲ့ ထောင်း လော်နယ်မြေရဲစခန်းမှာ လာရောက်ဆက်သွယ်ပြီး မိမိဆုံးရှုံးမှုတွေအတွက် ပြန်လည်တောင်း ဆိုနိုင်တယ်လို့  ထိုင်းလ၀က ဒုရဲချုပ် ဆူရချေ့ဟတ်ဖန်းက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ဘန်ကောက်တွင် ဘတ်ငွေ ၁ သိန်း ခိုးမှုဖြင့် မြန်မာအိမ်ဖော် ဖမ်းဆီးခံရ