DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် မူးယစ်ဆေးရှာဖွေရာက သေနတ်၊ ကျည်များနှင့် လက်ပစ်ဗုံးပါဖမ်းမိ
DVB
·
February 27, 2019
မောင်တောတွင် မူးယစ်ဆေးရှာဖွေရာက သေနတ်၊ ကျည်များနှင့် လက်ပစ်ဗုံးပါဖမ်းမိ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်းကျေးရွာရှိ နေအိမ်တလုံးမှာ မူးယစ်ဆေးဝါးရှာဖွေရာ ကနေ မူးယစ်ဆေးတွေနဲ့အတူ လုပ်သေနတ်၊ ကျည်တွေနဲ့ လက်ပစ်ဗုံးပါ ဖမ်းဆီးရမိခဲ့တယ်လို့  မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက မူးယစ်အထူးတပ်ဖွဲ့ ၄၆ နဲ့အတူ ပူးပေါင်းအဖွဲ့က ဥေဒေါင်းကျေးရွာရှိ နေအိမ်တလုံးကို မူယစ်ဆေး ဝင်ရောက် ရှာဖွေစဉ်  စီးကရက်ဘူးထဲက wy စာတမ်းပါ မူးယစ်ဆေး ၇၄ ပြားပါ အထုတ်တထုတ်နဲ့ နားသန့်ဆေးရည်ဘူးထဲက wy စာတမ်းပါ မူးယစ်ဆေး ၇၄ ပြားပါ ၁၀၂ ပြားပါ အထုတ်တွေ့ရှိခဲ့တာပါ။

ဒါ့အပြင် MG 1 ပလပ်စတိတ် လက်ပစ်ဗုံးတလုံး၊ စနက်တံတခုနဲ့ လုပ်သေနတ် အတိုတလက် ၉ မမကျည် ၁၃ တောင့် ကာဘိုင်ကျည် ၂ တောင့် တို့ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

ဥဒေါင်းကျေးရွာနေ အိမ်ပိုင်ရှင် ဦးဘမောင်ဌေးကတော့ ထွက်ပြေးလွတ်မြောက်နေပြီး သူ့ရဲ့ ဇနီးဒေါ်ခင်စန်းယု ကို မူးယစ်ဆေးဝါးနဲ့ လက်နက်/ခဲယမ်း လက်ဝယ်ထားရှိမှုနဲ့ အလယ်သံကျော် စခန်းမှာ အမှုဖွင့်အရေးယူထားပါတယ်။

ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013