DVB Logo
Home
Lead Story
ခန့်စည်သူ၊ ပြေတီဦး၊ ခိုင်သင်းကြည်၊ အိချောပိုတို့ ပါဝင်သည့် လူလည်ကြီးများရွာရုပ်ရှင်(နမူနာ)
DVB
·
February 27, 2019
ခန့်စည်သူ၊ ပြေတီဦး၊ ခိုင်သင်းကြည်၊ အိချောပိုတို့ ပါဝင်သည့် လူလည်ကြီးများရွာရုပ်ရှင်(နမူနာ)
Donate to DVB

ပေါ့ပေါ့ပါးပါး အချစ်ဟာသရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် လူလည် ကြီးများရွာ ရုပ်ရှင်ကားကို လာမယ့် မတ်လ ၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။

ဒီကားကိုတော့ တော်ဝင်မင်းသားရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ် ပြီး နာမည်ကြီးစာရေးဆရာ အကြည်တော်ရဲ့ ၀တ္ထုကို ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးပုံ ဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ ခန့် စည်သူ၊ ပြေတီဦး၊ ခိုင်သင်းကြည်နဲ့ အိချောပိုတို့က ခေါင်းဆောင်ပါဝင်ထားကြပြီး တခြား ဟာသ သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။

လူလည်ကြီးတွေ ဆရာကြီးတွေ နေတဲ့ရွာထဲမှာ ဆရာကျတဲ့သူက ဘယ်သူဖြစ်မ လဲ ၊ ဘယ်သူက ဘယ်လို လူလည်ကျပြီး အကျော်အခွဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ကျေး လက်ဟာသဆန်ဆန် ရိုက်ကူးထားမလဲဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ် တော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013