DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင် စကခ (၁၅)တွင် ဗုံးပေါက်ကွဲ၊  ဗိုလ်မှူးကတော် ၁ ဦးသေဆုံး
DVB
·
February 27, 2019
ဘူးသီးတောင် စကခ (၁၅)တွင် ဗုံးပေါက်ကွဲ၊  ဗိုလ်မှူးကတော် ၁ ဦးသေဆုံး
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူသီးတောင်မြို့နယ်မှာ ဖေဖော်ဝါရီ ၂၆ ရက် မနက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး တပ်မတော်အရာရှိတဦးရဲ့ ဇနီးဖြစ်သူ သေဆုံးသွားတယ်လို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် စစ်​ဆင်​​ရေးကွပ်​​ကဲမှုဌာနချုပ်​ စကခ (၁၅)မှ ဗိုလ်မှူးကျော်စွာနဲ့ ဇနီး နန်းခင်မို့မို့ဇော်တို့ဟာ ရှမ်းပြည်နယ်မှာ မင်္ဂလာဆောင်ပြီး ဘူးသီးတောင်မြို့ကို ဖေဖော်ဝါရီ ၂၃ ရက်က  စစ်တွေကနေ တဆင့် အမြန်ရေယာဉ်​နဲ့ ပြန်လာခဲ့ပါတယ်။

အိမ်ထောင်ပစ္စည်းတွေကိုတော့ ကားနဲ့ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင် ကားလမ်းက သယ်ဆောင်လာခဲ့ရာ ဖေဖော်ဝါရီ ၂၆ ရက် မနက် ၇နာရီကျော်လောက်မှာ စကခ(၁၅) ရှိ နေအိမ်ကို ပစ္စည်းတင်တဲ့ ကားရောက်ရှိလာခဲ့ပါတယ်။

မနက် ၈ နာရီလောက်က ကားပေါ်မှ ပစ္စည်းတွေကို နေအိမ်ထဲကိုသယ်ဆောင် ဧည့်ခန်းမှာ နေရာချရှင်းလင်းနေစဉ် နန်းခင်မို့မို့ဇော်က အဝတ်အစားထည့်တဲ့ ပလတ်စတစ်ပုံးအား ဖွင့်ကြည့်ရာမှာ ဗုံးပေါက်ကွဲပြီး နန်းခင်မို့မို့ဇော် နေရာမှာ သေဆုံးသွားပြီး  ဗိုလ်​မှူး​ကျော်​စွာကတော့ ထိခိုက်​မှုမရှိလို့ သိရပါတယ်​။

ပစ္စည်းတွေတင်လာတဲ့ ကားကို လမ်းမှာ သေနတ်အရှည်ကိုင်ဆောင်ထားသူ တဦးအပါအ၀င် အရပ်ဝတ်လူ ၆ ဦးက စစ်ဆေးမေးမြန်း ပြန်လွှတ်ပေးခဲ့တယ်လို့လည်း  သတင်း ထွက်ပေါ်နေပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ကျော်မင်းထွန်းက "ဖြစ်တာတွေ ဟုတ်ပါတယ်။ ပေါက်တာလည်း မှန်တယ်၊ သေတာလည်း ဟုတ်ပါတယ်။ ဘယ်သူတွေ ထည့်ပေးလိုက်တယ်၊ ဘယ်သူတွေ လုပ်ကြံတယ်ဆိုတဲ့ အသေးစိတ်သိလိုပါက သက်ဆိုင်ရာ တပ်ရင်းတွေကိုမေးပါ”လို့ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်း ဆက်သွယ်ပေမယ့်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။

ဖေ​ဖော်​၀ါရီ ၂၆ ရက်​​ မနက်​ ၁၀ နာရီ​ကျော်လောက်က ဘူးသီး​တောင်​မြို့နယ်​ ဥယာဉ်​သာ ဘင်္ဂါလီ​ကျေးရွာအနီး တိုက်​ပွဲဖြစ်​ပွားခဲ့​တယ်လို့ ဥယျာဉ်​သာ​ကျေးရွာအုပ်​ချုပ်​​ရေးမှူးက ​ပြောပါတယ်​။

"မနက်​ ၁၀ နာရီ​​ကျော်​ခန့်​မှာ မိနစ်​ ၂၀ ​လောက်​ လက်​နက်​ကြီး၊ လက်​နက်​ငယ်​သံ​တွေ​တော့ ကြားရပြီး ​နောင်​ပိုင်းမကြားရ​တော့ဘူးလို့ ဆိုပါတယ်။"

၂၀၁၈ နိုဝင်ဘာလကနေ ၂၀၁၉ ဖေဖော်ဝါရီလအထိ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့အကြား ဘူသီး​တောင်​မြို့နယ်​မှာ တိုက်ပွဲ​ပေါင်း ၄၀ ​ကျော်​ဖြစ်​ပွား​ခဲ့ပါတယ်​။

ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013