DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
February 26, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိသာ ၆၀ ဝင်တအိတ်ကို ၆၀၇၀၀ ပေါက်ဈေးရှိပြီး ၆၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲတအိတ်ကို ၆၅၀၀၀ ကနေ ၇၀၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၉၃၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(ဟောင်း) က ပိသာ ၆၀ ဝင်တအိတ်ကို ၆၈၁၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(သစ်) က ပိသာ ၆၀ ဝင်တအိတ်ကို ၇၆၅၀၀ ကနေ ၇၇၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၈၉၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲလွန်းဖြူ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲလွန်းဖြူက ၆၀ ပိသာဝင်တအိတ်ကို ၅၇၀၀၀ ကနေ ၆၆၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၈၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲလွန်းဖြူတအိတ်ကို ၆၅၀၀၀ ကနေ ၇၀၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၄၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ကုလားပဲV2

မန္တလေးကုန်စည်ဒိုင်မှာ ကုလားပဲV2 က ၅၇ ဒသမ ၂၅ ပိသာဝင်တအိတ်ကို ၇၆၀၀၀ ကနေ ၇၆၅၀၀ အထိ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မကွေးကုန်စည်ဒိုင်မှာ ကုလားပဲV2 တအိတ်ကို ၇၆၈၀၀ ပေါက်ဈေးရှိပြီး ၁၈၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် ၃၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းဖြူ

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းဖြူက ၄၅ ပိသာဝင်တအိတ်ကို ၁၆၈၀၀၀ ကနေ ၁၈၃၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာ နှမ်းဖြူတအိတ်ကို ၁၈၀၀၀၀ ကနေ ၁၈၂၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် ၁၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

စားအုန်းဆီ

မန္တလေးကုန်စည်ဒိုင်မှာ စားအုန်းဆီတပိသာကို ၁၆၇၀ ကနေ ၁၆၈၀ အထိ ပေါက်ဈေးရှိပြီး ၁၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မကွေးကုန်စည်ဒိုင်မှာ စားအုန်းဆီတပိသာကို ၁၇၈၀ ကနေ ၁၈၀၀ အထိ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် ၁၂၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013