DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့သစ်စီမံကိန်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံ မတင်ပြသေး
DVB
·
February 26, 2019
ရန်ကုန်မြို့သစ်စီမံကိန်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံ မတင်ပြသေး
Donate to DVB

ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (အမ်အိုင်စီ)ထံ ကို မတင်ပြရသေးဘူးလို့  ကော်မရှင်ရဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းကို တင်ပြလာတဲ့အခါ  အမ်အိုင်စီက ပြည်ထောင်စု လွှတ်တော်ရဲ့ ခွင့်ပြုချက် အရင်တောင်းခံဖို့ ညွှန်ကြားလိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့တာပါ။

ရန်ကုန်မြို့သစ်စီမံကိန်းကို အမ်အိုင်စီတင်ထားတဲ့အဆင့် မရောက်သေးဘဲ တင်ပြဖို့ ပြင်ဆင်နေကြဆဲပဲလို့ ဦးအောင်နိုင်ဦးက ပြန်လည်ဖြေကြားခဲ့ပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ တရုတ်သံအမတ်ကြီးနဲ့ တရုတ်နိုင်ငံ ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌတို့ နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

ဒီတွေ့ဆုံပွဲမှာ စီမံကိန်းတွေ အနေနဲ့ နှစ်နိုင်ငံပြည်သူတွေအကျိုးရှိဖို့လိုသလို မြန်မာနိုင်ငံရဲ့ ဥပဒေဘောင်အတွင်းကနေ ဥပဒေနဲ့အညီလုပ်ဖို့ လိုအပ်တယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းပြခဲ့ကြောင်း ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်း အပြီးသတ်အဆင့်အစီအစဉ်နဲ့ပတ်သက်လို့ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၅ရက်က ရန်ကုန်မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ (NYDC)ရဲ့စီအီးအို ဦးသိမ်းဝေက တရုတ်ကုမ္ပဏီဘက်က အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၆၈၀ ရင်းနှီးမြှုပ်နှံထားပြီး အစိုးရ ရာနှုန်းပြည့်ပိုင်ဆိုင်တဲ့ NYDC ဘက်ကမြေတန်ဖိုးအတွက် ၁ စတုရန်းမီတာကို အမေရိ ကန်ဒေါ်လာ ၅ဒေါ်လာနဲ့တန်ဖိုး သတ်မှတ်ထားပြီး စုစုပေါင်းတန်ဖိုး ဒေါ်လာ ၁၄၄ သန်းရှိတယ်လို့ ဆိုပါတယ်။

အစိုးရအနေနဲ့ ရှယ်ယာရဲ့၈ ရာခိုင်နှုန်းသာထည့်ဝင်တာကြောင့် ကုမ္ပဏီဘက်က နှစ် ၃၀ စီမံကိန်းကာလအတွင်း အရင်းကြေကာလမတိုင်မီအထိ အမြတ်ငွေ ၉၅ ရာခိုင်နှုန်းရယူမှာ ဖြစ်သလို အစိုးရက ၅ရာခိုင်းနှုန်းသာ ရရှိမှာဖြစ်တယ်လို့ ဦးသိမ်းဝေက ဆိုပါတယ်။

ကုမ္ပဏီဘက်က အရင်းကြေကာလပြီးမှသာ အစိုးရက အမြတ်ငွေ ၂၅ ရာခိုင်နှုန်း ပြန်လည် ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြို့သစ်စီမံကိန်းမှာ မြေတန်ဖိုးသတ်မှတ်တဲ့အခါ လက်ရှိ မြေဈေးနှုန်းရဲ့ လေးပုံတစ်ပုံလောက်သာ ဈေးဖြတ်သတ်မှတ်ထားသလို ကုမ္ပဏီကိုပေးရမယ့် အတိုးနှုန်းဟာ ၁၃ ရာခိုင်းနှုန်းဖြစ်နေတာ၊ အစိုးရအနေနဲ့ အကျိုးအမြတ်ရရှိမှုနည်းနေတဲ့အပေါ် ပညာရှင်တွေကြားမှာ ဝေဖန်မှုတွေလည်း မြင့်တက်ခဲ့ပါတယ်။

ဒါ့အပြင် အရင်အစိုးရ လက်ထက်က လုပ်ပိုင်ခွင့်ရရှိထားတဲ့ကုမ္ပဏီ၃ခုကို လုပ်ပိုင်ခွင့် ရပ်နားလိုက်သလို ငွေကြေးခွဲဝေမှုတွေနဲ့ မြေယာဈေးနှုန်းသတ်မှတ်မှုတွေ စတဲ့အချက်တွေ ပါဝင်လာတာကြောင့် လက်ရှိလွှတ်တော်ကိုတင်ပြဖို့လိုတယ်ဆိုပြီး လွှတ်တော်အမတ်တွေနဲ့ ပညာရှင်တချို့က ထောက်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013