DVB Logo
Home
မြန်မာသတင်း
၁၃၀၀ ပြည့်အာဇာနည်​​​ ၁၇ ဦး၏ နှစ်​ ၈၀ ​ပြည့် အထိမ်းအမှတ်​ မန္တ​လေးတွင် ကျင်းပ
DVB
·
February 26, 2019
၁၃၀၀ ပြည့်အာဇာနည်​​​ ၁၇ ဦး၏ နှစ်​ ၈၀ ​ပြည့် အထိမ်းအမှတ်​ မန္တ​လေးတွင် ကျင်းပ
1 / 9
Donate to DVB

မန္တ​လေးတိုင်း​၊ အမရပူရမြို့ တမ္ပဝတီ သူကြွယ်​ကုန်းရပ်​ကွက်​ရှိ အာဇာနည်​​ ဂူဗိမ္မာန်​မှာ ၁၃၀၀ ပြည့် အာဇာနည်​​ခေါင်း​ဆောင်​ ၁၇ ဦးရဲ့ ၈၀ နှစ်​​မြောက်​ အထိမ်းအမှတ်​ပွဲကို ဒီကနေ့ မနက်က ကျင်းပပါတယ်​။

အထက်​ဗမာပြည်​​ တောင်​သူလယ်​သမားသမဂ္ဂအတွင်း​ရေးမှူး ကို​အေးသိန်း​က “တိုင်းပြည် လွတ်​လပ်​​ရေးအတွက်​ ​တောင်​သူလယ်​သမားထု၊ အလုပ်​သမားထု၊ ရဟန်းရှင်​လူ ​ကျောင်းသား ပြည်​သူ​တွေဟာ လက်​ချင်းချိတ်​ပြီး ကိုလိုနီနယ်​ချဲ့အစိုးရကို တနိုင်​ငံလုံးအတွက်​ ကိုယ်​စားပြုပြီး မန္တ​လေးအာဇာနည်​ ၁၇ ဦးက စတင်​ပြီး​ တော်​လှန်​ခဲ့တဲ့​ ​သွေး​မြေကျခဲ့တဲ့​နေ့ဟာလည်း ဒီ​နေ့ပါပဲ။ နှစ်​​ပေါင်း ၈၀ ကြာခဲ့ပေမယ့် ကျ​နော်​တို့ အထက်​ဗမာပြည်​​တောင်​သူ လယ်​သမားထုအ​နေနဲ့ အာဇာနည်​ ၁၇ ဦးကို ချီတက်​အ​လေးပြုရတာပါ” လို့ ​ ပြောပါတယ်​။

လွန်​ခဲ့​တဲ့ နှစ်​​ပေါင်း ၈၀ က တိုင်းပြည်​နဲ့လူမျိုး ဘာသာသာသနာအတွက်​ အသက်​​ပေး ခဲ့ကြတဲ့ အာဇာနည်​ ၁၇ ဦးကို သတိရ​အောက်မေ့ပြီး ဂုဏ်​ပြုလွမ်းသူပန်း​ခွေချက ဦးညွတ်​ဂုဏ်​ပြု ခဲ့ကြပါတယ်။

၁၉၃၉ ခုနှစ်​ ​ဖေ​ဖော်ဝါရီလ ၁၀ ရက်​​ဟာ မန္တ​လေးမြို့်​ လမ်း ၈၀ ၂၆လမ်း​ထောင့်မှာ ဗြိတိသျှကိုလိုနီအစိုးရရဲ့ ပစ်​ခတ်သတ်ဖြတ်ခံခဲ့ရတဲ့ အာဇာနည်​ ၁၇ ရဲ့ နှစ်​ ၈၀​ မြောက်​​နေ့ အထိမ်း အမှတ်​ကျင်းပခဲ့တာလည်း ဖြစ်​ပါတယ်​။

မန္တ​လေးတိုင်း အမျိုးသမီး​ကော်​မတီ၊ ​ရှေ့​နေများကွန်​ရက်၊​ အန်ဂျီအိုတွေ၊ လူမှု အဖွဲ့အစည်းတွေ၊ ​ နိုင်​ငံ​ရေးတက်​ကြွလှုပ်​ရှားသူတွေ၊ အမျိုးသားဒီမိုက​ရေစီ အဖွဲ့ချုပ် ပါတီဝင်​တွေ၊ ပြည်​သူ့ပါတီနဲ့​ တောင်​သူလယ်​သမားသမဂ္ဂတွေနဲ့  နိုင်ငံ​​ရေးအကျဉ်းသား​ဟောင်းတွေက တက်ရောက်ပြီး ​သံဃာ ၁၇ ပါးကို ဆွမ်းကပ်​ပြီး ​ရေစက်​ချအမျှဝေခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013