DVB Logo
Home
Lead Story
မြန်မာစစ်တပ်၏ ကျူးလွန်မှုများ စုံစမ်းစစ်ဆေးပေးရန် ICC ကို KWO တောင်းဆို
DVB
·
April 26, 2026
 အုန်းတောရွာကို ဧပြီ ၁၈ ရက် မနက် ၁၁ နာရီကျော်မှာ စစ်တပ်က ဒရုန်းဖြင့် မီးလောင်ဗုံး ကြဲချခဲ့စဉ်။ (Photo : TPPA)
အုန်းတောရွာကို ဧပြီ ၁၈ ရက် မနက် ၁၁ နာရီကျော်မှာ စစ်တပ်က ဒရုန်းဖြင့် မီးလောင်ဗုံး ကြဲချခဲ့စဉ်။ (Photo : TPPA)
Donate to DVB

မြန်မာစစ်တပ်ဟာ အရပ်သားအစိုးရယောင် ဆောင်ထားပေမဲ့ လက်တွေ့မှာတော့ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာကြောင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) အနေနဲ့ ဒါတွေကို တရားဝင် စုံစမ်းစစ်ဆေးပေးဖို့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) က အခု ဧပြီလထဲမှာ တောင်းဆိုလိုက်ပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်း ကော်သူးလေ (ကရင်ပြည်နယ်) မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကို စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲခဲ့တိုက်ခိုက်ခဲ့တယ်လို့ တောင်းဆိုကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဧပြီ ၁၀ ရက်ကစပြီး ၁၀ ရက်ဆက်တိုက် ပြုလုပ်တဲ့ အဲဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၈ ယောက် သေဆုံး၊ ၂၈ ယောက် ဒဏ်ရာရခဲ့ပြီး အဲဒီအထဲက လူနာတယောက်ဟာ ဓာတုပစ္စည်းပါတဲ့ ဗုံးဒဏ်ကြောင့် လူကိုမှတ်မိလို့မရတော့တဲ့အထိ ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေ ရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

KWO ဥက္ကဋ္ဌ နော်ကညောပေါက “မိသားစုတွေ အတူတူ ပျော်ရွှင်ရမယ့်အချိန်ကို စစ်တပ်က တမင်ရွေးပြီး တိုက်ခိုက်ခဲ့တာပါ။ ဒါဟာ မတော်တဆဖြစ်တဲ့ အကြမ်းဖက်မှုမဟုတ်ဘဲ အရပ်သားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တဲ့ စစ်ဆင်ရေးတခုပဲ ဖြစ်ပါတယ်” ထုတ်ပြန်ချက်အတွင်း ထည့်သွင်းပြောဆိုထားပါတယ်။

ဒါကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်တပ်ဆီ လေယာဉ်ဆီနဲ့ လက်နက်တွေ မရောက်အောင် ထိထိရောက်ရောက် တားဆီးပေးဖို့ KWO က တိုက်တွန်းထားပါတယ်။

လက်ရှိမှာ ကော်သူးလေဒေသအတွင်း စစ်ဘေးရှောင်ပြည်သူ ၁၀,၀၀၀ ကျော် တိုးလာနေပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတာကြောင့် နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး လမ်းကြောင်းတွေကိုလည်း ပိုမိုဖွင့်လှစ်ပေးဖို့ တောင်းဆိုထားပါတယ်။

အုန်းတောရွာကို ဧပြီ ၁၈ ရက် မနက် ၁၁ နာရီကျော်မှာ စစ်တပ်က ဒရုန်းဖြင့် မီးလောင်ဗုံး ကြဲချခဲ့စဉ်။ (Photo : TPPA)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013