Home
မြန်မာသတင်း
တောင်​ကြီးမြို့ ရွှေမုဋ္ဌောဘုရားစောင်းတန်း​တွင် အာဂန္တု သံဃာ ၂ ​ပါး အသတ်ခံရ
DVB
·
February 26, 2019
52586304_828524217487682_6361321661773381632_n
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ သစ်တောရပ်ကွက်၊ တက္ကသိုလ်မီးပွိုင့်အနီး၊ ရွှေမုဋ္ဌောဘုရားအတက် စောင်းတန်း​မှာ ဖေဖော်ဝါရီ ၂၅ ရက် မနက်​အ​စောပိုင်းက အသတ်​ခံရတဲ့ အာဂန္တု သံဃာနှစ်​ပါး အ​လောင်း ​တွေ့ရှိတယ်​လို့ တောင်​ကြီးမြို့နယ်​ ရဲတပ်​ဖွဲ့ မှူးထံသိရပါတယ်​။ အသတ်​ခံရတဲ့ သံဃာ​တော်​ရဲ့ ဦး​ခေါင်း​တော်​မှာ ဓားဒဏ်​ရာနဲ့ ခုတ်​ခံရတာဖြစ်​ပြီး အဲဒီ သံဃာ​တွေဟာ  စောင်းတန်းမှာ ရွက်​ဖျင်​တဲထိုး သီတင်းသုံး​နေတာ လပိုင်း​လောက်​ရှိပြီလို့ ပတ်​ဝန်းကျင်​က​ပြောပြချက်​အရသိရပါတယ်​။ “​ရွှေမု​ဌောဘုရား​ကျောင်းတိုက်​မှ ဆရာ​တော်​တပါး ဆွမ်းခံကြွလာချိန်​မှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာနဲ့ လဲကျ​​သေဆုံးတဲ့ သံဃာနှစ်​ပါး​တွေ့​​တော့ ရဲကိုအ​ကြောင်းကြားတယ်​။ ရဲ​တွေ သွားစစ်​​ဆေးတယ်​ ပြီး​တော့​အ​လောင်းကိုဆေးရုံ သယ်​သွားပြီးစစ်​​ဆေးတယ်​။ အဲဒီ​စောင်းတန်းမှာ ဘုန်းကြီး မအိပ်​ရဘူးလို့ စာ​တွေကပ်​ထားတာလည်းရှိတယ်​။ အခု​တော့စိစစ်​ဆဲပါ”လို့ တောင်​ကြီး မြို့နယ်​ ရဲတပ်​ဖွဲ့ ရဲမှူး ​မောင်​​​မောင်​နိုင်​က​ပြောပါတယ်​။ အသတ်​ခံရတဲ့ သံဃာ​တော်​ နှစ်​ပါးဟာ ဦးကဝိန္ဒနဲ့  ဦးသုဇာတတို့ဖြစ်ကြပြီး ဘယ်​​ကျောင်းတိုက်​မှာမှ သီတင်းသုံး​နေထိုင်​ခြင်း မဟုတ်​ဘဲ အာဂန္တု သံဃာ(ဧည့်သည်​) သံဃာဖြစ်​​ကြောင်း ရဲမှူး ကဆက်​​ပြောပါတယ်​။ တရားဥပ​ဒေစိုးမိုး​ရေးကွန်​ရက်​ ကိုဝင်းနိုင်​စိုးက “အမှန်​က တရားဥပ​ဒေ စိုးမိုးမှုမရှိတာရယ်​ ပြီး​တော့ တဲထိုးပြီး​နေတဲ့ကိစ္စ​တွေ မကြာမကြာ ရှိ​နေတဲ့ဟာက မဖြစ်​သင့်တဲ့ကိစ္စဗျာ့။ လူဆိုရင်​ အ​ကြောင်းမဟုတ်​ဘူး သံဃာ​တော်​​တွေဖြစ်​​မေတဲ့အတွက်​ စိစစ်​​ဆောင်​ရွက်​သင့်တယ်​ဗျာ့။ ​နောက်​​နောင်​ဒီလိုမဖြစ်​​အောင်​​ပေါ့၊”လို့​ပြောပါတယ်​။ သံဃာနှစ်ပါး အသတ်​ခံရတဲ့ အမှုမှန်​​ပေါ်​ပေါက်​​ရေး နယ်မြေရဲစခန်းက စစ်​​ဆေးနေပြီး မြို့မရဲစခန်းမှာ (ပ)၃၆၂/၂၀၁၉ ရာဇသတ်​ကြီး ပုဒ်​မ ၃၀၂ အရ အမှုဖွင့်ထား​ပါတယ်​။ ခွန်​ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024