DVB Logo
Home
မြန်မာသတင်း
Wave money က ၁ နှစ်အတွင်း ငွေကျပ် သန်းပေါင်း ၂ သန်း လွှဲပြောင်းပေးခဲ့
DVB
·
February 26, 2019
Wave money က ၁ နှစ်အတွင်း ငွေကျပ် သန်းပေါင်း ၂ သန်း လွှဲပြောင်းပေးခဲ့
Donate to DVB

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တနှစ်လုံးမှာ မိုဘိုင်းငွေကြေးဝန်ဆောင်မှုတခုဖြစ်တဲ့ Wave money ကနေ ငွေကျပ် သန်းပေါင်း ၂ သန်း လွှဲပြောင်းခဲ့တယ်လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံ ဂျီဒီပီ အညွှန်းကိန်းရဲ့ ၂ ရာခိုင်နှုန်းရှိပြီး တနိုင်ငံလုံးမှာရှိတဲ့ Wave money ဆိုင်တွေက လွှဲတာတွေအပါအဝင် မိုဘိုင်းဖုန်းက ငွေချေတာတွေလည်း ပါတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရှိ ၂၈၃ မြို့နယ်မှာ Wave money ကိုယ်စားလှယ်တွေရှိပြီး ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကိုယ်စားလှယ်ဦးရေ ၄၀၀၀၀ ရှိတယ်လို့လည်း ဆိုပါတယ်။

အရောင်မြှင့်တင်ရေး အရာရှိချုပ် Arvinder Grewal က “ကျနော်တို့ Wave money အနေနဲ့ ၂၀၁၈ ခုနှစ်မှာ ကိုယ်စားလှယ် ဝန်ဆောင်ခအဖြစ် ကျပ်ငွေ ၁၉ ဘီလီယံ ပေးစွမ်းနိုင်ခဲ့ပါတယ်။ ပြီးတော့ ကျနော်တို့ အထူးတလည်ဂုဏ်ယူမိတာက ကျနော်တို့ Wave ဆိုင်တွေရဲ့ ၈၀ ရာခိုင်နှုန်းက အမျိုးသမီးတွေ ဦးစီးနေတာပါ” လို့ ပြောပါတယ်။

Wave money ဟာ ငွေလွှဲတာ၊ ငွေသွင်း ငွေထုတ်လုပ်တာ၊ လေယာဉ်၊ ကားလက်မှတ်တွေ ဝယ်ယူတာ၊ ဘေလ်ဆောင်တာနဲ့ ငွေချေတာတွေကို ပြုလုပ်နိုင်တာ ဖြစ်ပါတယ်။

ပြီးတော့ တယ်လီနော၊ အက်ဖ်အမ်အိုင်၊ ရိုးမဘဏ်တို့နဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတခု ဖြစ်ပါတယ်။

ဓာတ်ပုံ - fintechnews.sg

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013