DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် ထိုင်းဗီဇာတံဆိပ်တုံးအတုထုသည့် နောက်ထပ်ဂိုဏ်း ၁ ဂိုဏ်းကို ထပ်မံဖမ်းဆီး
DVB
·
February 25, 2019
ဘန်ကောက်တွင် ထိုင်းဗီဇာတံဆိပ်တုံးအတုထုသည့် နောက်ထပ်ဂိုဏ်း ၁ ဂိုဏ်းကို ထပ်မံဖမ်းဆီး
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မှာ နိုင်ငံကူးလက်မှတ်ပေါ် ထိုင်းဗီဇာတံဆိပ်တုံးအတု ထုပေးနေတဲ့ နောက်ထပ် ဂိုဏ် တဂိုဏ်းကို တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ရက်ပိုင်းက ၀င်ရောက်ဖမ်းဆီးခဲ့ပါတယ်။

ဘန်ကောက် ခလောင်းဆမ်ဝါး နယ်မြေ ဘန်ချန်ရပ်ကွက် ဆုလောဝ်ခလောင်းအမှတ် - ၁ လမ်းထဲရှိ TAN 999 Innovation အလုပ်သမားဝန်ဆောင်ရေးကုမ္ပဏီမှာ ထိုင်းလ၀ကဗီဇာ တံဆိပ်တုံးအတုထုပြီး နိုင်ငံကူးလက်မှတ်တွေဗီဇာသက်တမ်းတိုးပေးနေကြောင်း စုံစမ်းသိရှိရလို့ တာဝန်ရှိသူတွေက  ဖေဖော်ဝါရီလ ၂၂ ရက်က အဆိုပါကုမ္ပဏီကို ၀င်ရောက် စစ်ဆေးပြီး ကုမ္ပဏီပိုင်ရှင် နိုင်းထနကရစ် ထိုတ်ဆုဘန်း (အသက် ၃၆ နှစ်)နဲ့ သူ့ဇနီး နဲင်းအန်းနား ခေါ် နန်းအောင်အေး ( အသက် ၃၈ နှစ် )တို့ကို ဖမ်းဆီးခဲ့ပါတယ်။

အဆိုပါ ကုမ္ပဏီကနေ မြန်မာနိုင်ငံကူးလက်မှတ် စုစုပေါင်း ၈၂ အုပ်သိမ်းဆည်းရမိပြီး အဲဒီ ထဲမှာ ဗီဇာတံဆိပ်တုံးအတု ထုထားပြီးသား ၂ အုပ်၊ အိုဗာစတေးဖြစ်နေတဲ့ ပတ်စပို့စာအုပ်က ၁၆ အုပ်၊ ဌာနဆိုင်ရာစာရင်းမှာအချက်အလက်ရှာမတွေ့တဲ့ ပတ်စပို့က ၂၇ အုပ်၊ သက်တမ်းကုန်ဆုံး တဲ့ စာအုပ်က ၁၆ အုပ်၊ အချက်အလက်မှန်ကန်တဲ့စာအုပ်က ၂၁ အုပ်ပါဝင်တယ်လို့ ထိုင်းလ၀က ဒုရဲချုပ်ကြီး ဆုရချေ့ဟတ်ဖန်းက ဖေဖော်ဝါရီ ၂၂ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ဒီမတိုင်ခင် ဖေဖော်ဝါရီလ ၁၄ ရက်က ဘန်ကောက် ဒွန်းမောင်းလေဆိပ်မှာ  မြန်မာနိုင်ငံကို ပျံသန်းမယ့် နုတ်အဲယားလေယာဉ်စီးခရီးသည် တဦးရဲ့ မြန်မာနိုင်ငံကူးလက်မှတ်ထံမှ ထိုင်းဗီဇာတံဆိပ်တုံးအတု ထုထားတာတွေ့လို့ စစ်ဆေးပြီးကွင်းဆက်တွေ ဖော်ထုတ်ခဲ့တာပါ။

အဆိုပါခရီးသည်ရဲ့အမည်မှာ အသက် ၂၃ နှစ်ရွယ်ရှိ စိုင်းနွံပျန်းဆိုသူဖြစ်ပြီး သူ့ နိုင်ငံကူး လက်မှတ်ထဲမှာ  တာ့ခ်ခရိုင် လ၀ကရဲတပ်ဖွဲ့ တံဆိပ်တုံးအတု ထုထားတာတွေ့ရကြောင်း၊ စစ်ဆေး ချက်အရ စိုင်းနွံပျန်းက နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလိုတဲ့အတွက် အသိတယောက် မိတ်ဆ က်ပေး လို့ နန်းအောင်အေးနဲ့ ဆက်သွယ်မိပြီး မြန်မာနိုင်ငံသို့ ပြန်ဝင်ပြီး ပြန်ထွက်လာစရာ မလိုဘဲ ထိုင်းနိုင်ငံထဲမှာ ကြာရှည်စွာနေနိုင်တဲ့ ဗီဇာဆောင်ရွက်ပေးနိုင်ကြောင်း၊ ၀န်ဆောင်ခ အနေနဲ့ ဘတ် ၁၈၀၀၀ ပေးရမယ်ဆိုလို့ စိုင်းနွံပျန်းက သဘောတူကာ ဘတ်တ သောင်းစရံငွေအဖြစ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် မကြာခင်သူ့ရဲ့ ဗီဇာတုံးထုပြီးသားနိုင်ငံကူးလက်မှတ်ကို စာတိုက်မှတဆင့် လက်ခံရရှိလို့ ကျန်ငွေအကုန် ဘဏ်ကနေလွှဲပေးခဲ့ကြောင်း  လေဆိပ်ရောက်တော့မှ ဗီဇာတု ဖြစ်ကြောင်း သိရတယ်လို့ စိုင်းနွံပျန်းက တာဝန်ရှိသူတွေကို ပြောပြပါတယ်။

တာဝန်ရှိသူတွေကတော့  နိုင်းထနကရစ် ထိုတ်ဆုဘန်း နဲ့ နန်းအောင်အေးတို့ကို အစိုးရ ဌာန ဆိုင်ရာတံဆိပ်တုပမှုအလွှဲသုံးစားပြုမှုတွေနဲ့ အရေးယူသွားမယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံထဲမှာ နိုင်ငံကူးလက်မှတ်တွေကို အခကြေးငွေယူပြီး ဗီဇာတုံးအတုထုပေးနေတဲ့ ဂိုဏ်းတွေ ဆက်တိုက်ဖမ်းဆီးရမိနေတာမှာ ဒီဖေဖော်ဝါရီလတွင်း  သုံးကြိမ် ဖမ်းဆီးရမိပါတယ်။

ကိုးကား - မန်နေဂျာအွန်လိုင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013