DVB Logo
Home
မြန်မာသတင်း
မြောက်ဦးမြို့နယ်တွင် စစ်ဘေးရှောင် ၄၀၀ ကျော် အရေးပေါ်အကူညီလိုအပ်နေ
DVB
·
February 25, 2019
မြောက်ဦးမြို့နယ်တွင် စစ်ဘေးရှောင် ၄၀၀ ကျော် အရေးပေါ်အကူညီလိုအပ်နေ
Donate to DVB

တပ်မတော်နဲ့ အေအေ ရက္ခိုင့်တပ်မတော်တို့ရဲ့ တိုက်ပွဲတွေကြောင့် မြောက်ဦးမြို့နယ်ကို ထွက်ပြေးရောက်ရှိလာကြတဲ့ စစ်ရှောင်ဒုက္ခသည် ၄၀၀ ကျော်ဟာ စားနပ်ရိက္ခာ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မြောက်ဦးမြို့နယ် ခူလှိုင်ကျေးရွာက လူပေါင်း ၅၀ ကျော်ဟာ တိမ်ညိုကျေးရွာကို ထွက်ပြေးလာသလို၊ နေပူခံကျေးရွာသား ၁၈၀ က အောက်သကန်ကျေးရွာနဲ့ ဆင်အိုးကျေးရွာသား ၁၇၀ ကျော်ဟာ စေတီတောင်တို့ကို အသီးသီးထွက်ပြေးနေကြရတာဖြစ်ပါတယ်။

အခုလိုထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်သူတွေအတွက် စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဝံလက်ဖောင်ဒေးရှင်းဒါရိုက်တာ ကိုခိုင်းကောင်းစံ က ပြောပါတယ်။

"လောလောဆယ်တော့ မြောက်ဦးမြို့နယ်မှာရှိတဲ့ အနီးနားရွာတွေနဲ့ မြောက်ဦး ရခိုင့် အားမန်အဖွဲ့ကပေါ့လေ။ သူတို့ကူညီမှုတွေ ပေးထားတယ်။ အဓိကရိက္ခာတွေ လိုသလို အိမ်သာတွေ လိုတယ်ပြောတယ်။ လူက များတဲ့အခါ နေရာတွေ အဆင်မပြေဘူး။”

မြောင်ဦးမြို့နယ်ဘက်မှာ ဖေဖော်ဝါရီ ၁၉ ရက်ကတည်းက တပ်မတော်နဲ့ အေအေတို့ နှစ်ဖက်တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲတွေဟာ ဖြစ်ပွားနေပါတယ်။

ဆန်အိုးကျေးရွာကနေစေတီတောင်ကို ထွက်ပြေးလာတဲ့ ဦးကျော်စိန်ချေက “ကျနော်တို့ဒီမှာ ရေရှည် မနေချင်ဘူး။ ပြန်ချင်တယ်။ အဲ့ဒီမှာ အလုပ်အကိုင်တွေ တန်းလန်းကြီး ကျန်ခဲ့တယ်။ ကျနော်တို့တို့က တောင်ယာခုတ်စားကြတာ။ ဒါပေမယ့် ဒီလောက် တိုက်ပွဲဖြစ်နေတာတော့ ကျနော်တို့ ဘယ်လိုလုပ်ရဲမှာလဲ၊ ကလေးတွေကို စိတ်မချဘူး။ သက်ကြီးပိုင်းတွေလည်း ပါတယ်။ သူတို့အတွက် ပိုပြီးစိုးရိမ်တယ်”လို့ပြောပါတယ်။

ဒါကြောင့် ကျေးရွာတွေမှာ နေခဲ့ရချိန်က ဗုံးခိုကျင်းတွေတူးပြီး ပုန်းအောင်းနေခဲ့ရသလို ထွက်ပြေးလာတဲ့ အချိန်ကျတော့လည်း စားနပ်ရိက္ခာသယ်လာရင် အစိုးရတပ်က ပိတ်ပင်တားဆီး စစ်ဆေးနေတာကြောင့် သယ်ယူခွင့် မရဘဲ  စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတာပါ။

ထွက်ပြေးလာကြတဲ့စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာတွေအပြင် စောင်၊ ဖျာခင်းနဲ့ အိမ်သာတို့ကတော့ အရေးတကြီး လိုအပ်နေတာကြောင့် ကူညီပေးကြဖို့ကိုလည်း လူမှု အဖွဲ့အစည်းတွေကလည်း တိုက်တွန်းထားပါတယ်။

တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေဟာ ရခိုင်ပြည်နယ်ရဲ့ မြို့နယ် တွေမှာ ပျံ့နှံ့ဖြစ်ပွားလာပြီး ရသေတော့င်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တို့မှာ စစ်ဘေးရှောင် ထွက်ပြေးလာသူပေါင်း ၇၀၀၀ လောက်ရှိနေပြီ ဖြစ်ပါတယ်။

သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ- ခင်မောင်ဆန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013