DVB Logo
Home
မြန်မာသတင်း
ပေါင်မြို့နယ်တွင် စက်လှေတိမ်းမှောက်မှုကြောင့် ၁ ဦးသေဆုံး၊ ၂ ဦး ပျောက်ဆုံး
DVB
·
February 24, 2019
ပေါင်မြို့နယ်တွင် စက်လှေတိမ်းမှောက်မှုကြောင့် ၁ ဦးသေဆုံး၊ ၂ ဦး ပျောက်ဆုံး
Donate to DVB

သထုံခရိုင် ပေါင်မြို့နယ်မှာ စက်လှေတိမ်းမှောက်မှုကြောင့် ၁ ဦးသေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနက် ၉ နာရီကျော်က ပေါင်မြို့နယ်၊ ကော့ကဒိုက်ကျေးရွာအထက်ပိုင်း ဒုံသမိမြစ်အတွင်း ရှမ်းကုန်းကျွန်းမှာ ကျော်မင်းဦး မောင်းနှင်ပြီး မြေပဲနုတ်အလုပ်သမားတွေ လိုက်ပါလာတဲ့ စက်လှေတိမ်းမှောက်ခဲ့တာပါ။

အလျား ၁၁ ပေ၊ အနံ ၂ ပေခွဲ၊ ရေစူး ၁ ပေခွဲရှိ စက်လှေမှာ ကမ်းကပ်နေစဉ် လိုက်ပါလာသူတွေက လှေဦးပိုင်း သွားရောက်ရာကနေ စက်လှေတိမ်းမှောက်နစ်မြုပ်ခဲ့တာလို့ ဆိုပါတယ်။

ကျော်မင်းဦးအပါအ၀င် ၃ ဦးကို ထိခိုက်ဒဏ်ရာ ရရှိမှုမရှိ ကယ်ဆယ်နိုင်ခဲ့ပြီး ဒေါ်မိုးမိုးရီအပါအ၀င် အမျိုးသမီး ၃ ဦးတို့ ရေထဲမျောပါပျောက်ဆုံးသွားလို့ ရှာဖွေရာမှာ ဒေါ်မိုးမိုးရီရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အလောင်းကို သဲအိမ်တိုက်နယ်ဆေးရုံ ပိုဆောင်ခဲ့ပြီး ပျောက်ဆုံးနေသူ အမျိုးသမီး ၂ ဦးကို ဆက်လက်ရှာဖွေနေပါတယ်။

စက်လှေမောင်းသူ ကျော်မင်းဦးကို မုတ္တမနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၀/၃၀၄-က (ရေယာဉ်အား ပေါ့လျော့မှုကြောင့် လူသေမှု) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့  သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013