DVB Logo
Home
မြန်မာသတင်း
ထုတ်ကုန်သီးနှံများ ဈေးကွက်ဝင်နိုင်ရေး ဂျီအေပီလက်မှတ်ရရှိရန် အရေးကြီး
DVB
·
February 24, 2019
ထုတ်ကုန်သီးနှံများ ဈေးကွက်ဝင်နိုင်ရေး ဂျီအေပီလက်မှတ်ရရှိရန် အရေးကြီး
1 / 3
Donate to DVB

သီးနှံတွေဘေးအန္တရာယ်ကင်းရှင်းအောင် ထုတ်လုပ်နိုင်ဖို့ အင်မတန်အရေးကြီးသလို သီးနှံတွေ ဂျီအေပီအသိအမှတ်ပြုလက်မှတ်ရအောင် ၀ိုင်းဝန်ဆောင်ရွက်ကြဖို့ တောင်သူတွေကို ကရင်ပြည်နယ်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ ဦးစောမြင့်ဦးက တိုက်တွန်း လိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက် မနက်ပိုင်းက ဘားအံမြို့နယ်၊ မိဇံကျေးရွာအုပ်စု၊ ပရဆေးပင်များ ဆိုင်ရာ နည်းပညာသင်တန်းကျောင်း(စက်မှုဇုန် ၁)မှာ ပြုလုပ်တဲ့ GAP အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားမှာ တိုက်တွန်းပြောဆိုလိုက်တာပါ။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ် ကောင်းတွေနဲ့ စနစ်တကျစိုက်ပျိုးထုတ်လုပ်မှုအတွက် မှန်ကန်ကြောင်း ထောက်ခံချက် အသိအမှတ်ပြုလက်မှတ်ကို ကရင်ပြည်နယ်အတွင်း ပထမဆုံးအနေနဲ့ ဘားအံမြို့နယ်၊ ပရဆေးပင်များဆိုင်ရာ နည်းပညာသင်တန်းကျောင်း(စက်မှုဇုန် ၁)ကို ပေးအပ်ချီးမြှင့်ခဲ့တာပါ။

ကရင်ပြည်နယ်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ ဦးစောမြင့်ဦးက “သီးနှံတွေ အားလုံး ဘေးအန္တရာယ်ကင်းရှင်းအောင်ထုတ်လုပ်နိုင်ဖို့ကတော့ အင်မတန်မှ အရေးကြီးပါတယ်။ သီးနှံတွေ များများ အသိအမှတ်ပြုလက်မှတ် ရစေချင်တယ်။ ရအောင်လည်း ၀ိုင်းဝန်ဆောင်ရွက် ကြပါ”လို့ တိုက်တွန်းလိုက်တာပါ။

နီပွန်ဖောင်ဒေးရှင်း အကြီးတန်း မန်နေဂျာ Mr. Toshir Mado က “ဂျီအေပီ လက်မှတ်ရရှိတာဟာဆိုရင် အရည်အသွေးထိန်းသိမ်းမှုမှတဆင့် လယ်ယာထုတ်ကုန်တွေကို ဈေးကွက်ကိုဝင်ရောက်ဖို့ ပထမဆုံးခြေလှမ်းဖြစ်တယ်”လို့ ပြောပါတယ်။

ကရင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မောင်မောင် က“ဂျီအေပီလက်မှတ်ရတဲ့သီးနှံကတော့ အဓိကပိုးသတ်ဆေးဓာတ်ကြွင်းရှိ မရှိ။ ကျန် မကျန်။ လူတွေရဲ့ ကျန်းမာရေးအတွက် ထိခိုက်မှုရှိ မရှိ။ ဒါလေးတွေကိုစစ်ဆေးပြီးတော့မှ အဓိက အသိအမှတ်ပြုလက်မှတ်ထုတ်ပေးတာ”လို့ ပြောပါတယ်။

ဂျီအေပီအသိအမှတ်ပြုလက်မှတ်ရရှိဖို့ စိုက်ပျိုးတဲ့မြေဟာ အန္တရာယ်ကင်းရှင်းတဲ့ မြေအမျိုးအစား၊ သန့်ရှင်းစင်ကြယ်တဲ့ ရေ၊ ရောဂါပိုးမွားကင်းစင်တဲ့ မျိုးစေ့ ပျိုးပင်၊ ကောင်းစွာဆွေးမြေ့တဲ့ သဘာဝမြေသြဇာတွေကို သုံးစွဲထားမှုစတဲ့ အချက်တွေအပါအ၀င် အချက် ၁၆ ချက်နဲ့ ကိုက်ညီရမှာဖြစ်ပါတယ်။

အဆိုပါ ပရဆေးသင်တန်းကျောင်းဟာ နီပွန်ဖောင်ဒေးရှင်း(ဂျပန်)ရဲ့ အကူအညီနဲ့ တည်ထောင်ဖွင့်လှစ်ထားတာဖြစ်ပြီး မြေဧက ၄၀ ပေါ်မှာ ပရဆေးပင်တွေကို အဓိကစိုက်ပျိုးပြီး သင်တန်းသားတွေကို စာတွေ့လက်တွေ့ သင်ကြားမွေးထုတ်ပေးနေတာပါ။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013