DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
February 23, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲကပိဿာ ၆၀ ၀င်တအိတ်ကို ၆၂၂၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၃၀၀ ကျပ် ဈေးတက် လာပါတယ်။

မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲတအိတ်ကို ၆၅၀၀၀ မှ ၇၀၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကဈေးအတိုင်း အပြောင်းအလဲ မရှိပါဘူး။  ရန်ကုန်နှင့်မန္တလေး ကုန်စည်ဒိုင်မှာ ၇၈၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(ဟောင်း)က ပိဿာ ၆၀ ၀င်တအိတ်ကို ၆၉၇၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးပွဲစား ကုန်သည်စက်ပိုင် အသင်းမှာတော့ တအိတ်ကို ၇၈၀၀၀ ကနေ ၇၈၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၈၈၀၀ ဈေးကွာခြားမှုရှိပါတယ်။

 

ကြက်သွန်နီ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်နီက တပိဿာကို ၃၀၀ ကနေ ၁၀၀၀ ပေါက်ဈေးရှိပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာတော့ တပိဿာကို ၁၀၀ ကနေ ၅၀၀ ပေါက်ဈေးရှိပြီး တပိဿာကို ၅၀ ကျပ်ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ပခုက္ကူ ကုန်စ်ညဒိုင် တပိဿာကို ၅၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

 

ပဲဇီးကွက်

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲဇီးကွက်(အသစ်)က ၅၈.၂၅ ပိဿာဝင် တအိတ်ကို ၅၈၀၀၀ ကနေ ၆၁၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၅၇၀၀၀ ပေါက်ဈေးရှိပါတယ်။မန္တလေး နဲ့ပခုက္ကူကုနစည်ဒိုင် တအိတ်ကို ၄၀၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

 

ပဲပုတ်

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲပုတ်(ရှမ်း)က ၅၃.၂၅ ပိဿာဝင် တအိတ်ကို ၆၀၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၄၀၀၀ ကျပ်ဈေးကျဆင်း သွားပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၅၄၉၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၅၁၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

နှမ်းဖြူ

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းဖြူက ၄၅ ပိဿာဝင် တအိတ်ကို ၁၇၀၀၀၀ ကနေ ၁၇၆၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

အောင်လံ ကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၆၅၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကဈေးအတိုင်း ပြောင်းလဲမှုမရှိပါဘူး။ မန္တလေး နဲ့အောင်လံ တအိတ်ကို ၁၁၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013