DVB Logo
Home
မြန်မာသတင်း
ဒီနှစ်ကတော့ တကယ့်ကို Challenge နှစ်ပါပဲ -ကျော်ထက်အောင်
DVB
·
February 23, 2019
ဒီနှစ်ကတော့ တကယ့်ကို Challenge နှစ်ပါပဲ -ကျော်ထက်အောင်
Donate to DVB

အကယ်ဒမီနဲ့ ပတ်သက်ပြီး ကျနော်တို့က အများကြီးလိုပါသေးတယ်။ အဝေးကြီး လည်း လိုပါသေးတယ်။ ဒီရုပ်တုဆိုတာက သူများကိုင်ထားတာကိုပဲ ငေးမောနေရမယ့် အဆင့်ပဲ ရှိပါသေးတယ်။ ဒီအချိန်မှာ လိုချင်လားဆိုတော့ လိုလည်းမလိုချင်သေးဘူး။ ဘာကြောင့်လဲဆိုတော့ သက်တမ်းနုသေးတာလည်းပါသလို ကိုယ်နဲ့လည်း မထိုက်သေး ဘူးလို့လည်း ခံစားရပါတယ်။ ကိုယ့်ကားတင်ထားတာ ဆိုပေမယ့် ကိုယ့်ကားမှာ တကယ်ကို ကြိုးစားထားတဲ့သူ တကယ်ကို ရသင့်ရထိုက်တဲ့သူ ဒါမှမဟုတ် တခြား ကားမှာ ရသင့်ရထိုက်တဲ့သူရတာ ပိုကောင်းပါလိမ့်မယ်။ အကယ်ဒမီ ရင်ခုန်သံကတော့ ဒီနှစ်ကတော့ တကယ့်ကို Challenge နှစ်ပါပဲ။ ရုပ်ရှင်ကားကောင်းတွေလည်း တပုံကြီး ပါပဲ။ အဲဒီအတွက်ကြောင့် ဘယ်သူရမလဲဆိုတာကို ပြန်ပြီးတော့ ရင်ခုန်ရမယ့်နှစ် ဖြစ်သွားပြီပေါ့။ ခန့်မှန်းရင် ခန့်မှန်းတဲ့သူမဟုတ်ဘဲနဲ့ ဘယ်သူရနိုင်မယ်ဆိုတာ မသိဘူး ဆိုတဲ့ခေတ်ကို ပြန်ရောက်လာတဲ့အတွက် အကယ်ဒမီပွဲဆိုတာလည်း ပိုပြီးအသက်ဝင် လာတယ်။ ကျနော်တို့ ရင်ခုန်ရတဲ့သူတွေအတွက် ပိုပြီးတန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013