
၂၀၁၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ကြိုဆို ထောက်ခံပွဲတရပ်ကို ဖေဖော်ဝါရီ ၂၃ ရက်က ကျိုက်ထိုမြို့မှာ အန်အယ်လ်ဒီ ပါတီဝင်အချို့နဲ့ တက်ကြွလှုပ်ရှားသူ ၂၀၀ လောက်က ကျင်းပခဲ့ပါတယ်။
ဒီထောက်ခံပွဲကို ကျိုက်ထိုမြို့ ဂေါက်ကွင်းမှစပြီး လွတ်လပ်ရေး ကျောက်တိုင်အထိ ချီတက် လမ်းလျှောက်ခဲ့ကြတာပါ။
ချီတက်ရာ လမ်းတစ်လျှောက်မှာလည်း ၂၀၁၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီတဲ့ ပြဋ္ဌာန်းချက် ပြင်ဆင်ရေး၊ ၂၁ ရာစု ပင်လုံညီလာခံ အောင်ရမယ် စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက် လမ်းလျှောက်ခဲ့ကြပါတယ်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုဆို ထောက်ခံပွဲကို မွန်ပြည်နယ် ကျိုက်ထိုမြို့မှာ ပထမအကြိမ် ပြုလုပ်ခဲ့တာပါ။
ဇော်လွင်ထွဋ်











