DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-ပြည်လမ်း မီးလောင်ကားထဲမှ လူ ၄ ဦးကို ကယ်ထုတ်နိုင်ခဲ့
DVB
·
February 23, 2019
ရန်ကုန်-ပြည်လမ်း မီးလောင်ကားထဲမှ လူ ၄ ဦးကို ကယ်ထုတ်နိုင်ခဲ့
1 / 2
Donate to DVB

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် ရန်ကုန်-ပြည် ကားလမ်းမပေါ်မှာ မနေ့ညနေပိုင်းက အငှားယာဉ်တစီး လမ်းဘေးသစ်ပင်ကို ဝင်တိုက်ကာ မီးလောင်ကျွမ်းခဲ့ပြီး ကားပေါ်ပါလာသူ ၄ ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

အငှားယာဉ်ဟာ ရန်ကုန်- ပြည်ကားလမ်း မိုင်တိုင် ၈၉/၀ နှင့် ၈၉/၁ အကြားမှာ ကားဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကို ဝင်တိုက်ကာ မီးလောင်ကျွမ်းခဲ့တာပါ။

ကားပေါ်ပါလာတဲ့ အမျိုးသမီး ၃ ဦးနဲ့ ယာဉ်မောင်းအား လက်ပံတန်းမြို့နယ် မီးသတ်တပ်ဖွဲ့၊ လူမှုကူညီကယ်ဆယ်ရေးအသင်းနဲ့ ဒေသခံပြည်သူတွေမှ ဝိုင်းဝန်းကူညီပြီး ဆေးရုံကို ပို့ပေးခဲ့ပါတယ်။

ကြေးနီကျေးရွာ ဒေသခံတဦးက “လူတွေကို ကယ်ထုတ်နေတဲ့အချိန်မှာပဲ ကားက မီးထလောင်တယ်။ အဲ့တော့မှ မီးသတ်တပ်ဖွဲ့ကို ဖုန်းဆက်အကြောင်းကြားရတယ်။ ခဏနေတော့ မီးသတ်ကားရောက်လာပြီး မီးငြှိမ်းသတ်တော့မှ ကားက မီးငြိမ်းသွားတယ်။ လူတွေကတော့ အသက်အန္တရာယ်မဖြစ်ပေမယ့် ဒဏ်ရာတွေရသွားလို့ ၄ ဦးလုံးကို ဆေးရုံပို့ပေးလိုက်ရပါတယ်" လို့ ပြောပါတယ်။

လက်ပံတန်းမြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတဦးက “လူတွေကို အသက်အန္တရာယ်ကနေ ကယ်လိုက်နိုင်ပေမယ့် ကားကတော့ မီးလောင်သွားတာပေါ့။ ဆုံးရှုံးမှုတန်ဖိုး ၃၂ သိန်းကျော်ခန့်ဖြစ်မယ်" လို့ ပြောပါတယ်။

ယာဉ်မောင်း ဦးတင်စိုးကို လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်နိုင်ဝင်းက ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၈၅ နဲ့ အမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း နှင့် ဓာတ်ပုံ - ဝဏ္ဏထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013