DVB Logo
Home
မြန်မာသတင်း
အရက်ကြောင်ပြီး သား ၂ ယောက်ကို ဖခင်က သတ်ဖြတ်
DVB
·
February 23, 2019
အရက်ကြောင်ပြီး သား ၂ ယောက်ကို ဖခင်က သတ်ဖြတ်
Donate to DVB

အဖေဖြစ်သူ အရက်ကြောင်ပြီး သားအမြွှာ နှစ်ယောက်ကို လည်ပင်းညှစ်သတ်ဖြတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မန္တလေး အမရပူရမြို့နယ်၊ တောင်သမန်ရွာမှာ မနေ့ မနက် အစောပိုင်း ၁၂ နာရီကျော်က ဖြစ်ခဲ့တာပါ။

အသက် ၃၆ နှစ်အရွယ် သိန်းဝင်း (ခ) သိန်းဦးဟာ လွန်ခဲ့တဲ့ ၃၊ ၄ ရက်ကစပြီး အရက်ဖြတ်ထားလို့ အရက်ကြောင်ကြောင်ပြီး အော်ဟစ်နေတာကြောင့် ဇနီးဖြစ်သူ မခိုင်လဲ့ဖြိုး(ခ)မဖြိုးဝေနဲ့ စကားများ ရန်ဖြစ်ခဲ့ပါတယ်။

ခင်ပွန်းက ရန်ပြုမှာကို စိုးလို့ မခိုင်လဲ့ဖြိုးဟာ အသက် ၆ နှစ်အရွယ် သမီးဖြစ်သူကိုခေါ်ပြီး အိမ်ကနေ ဆင်းပြေးခဲ့ပြီး အိမ်မှာ အသက် ၄ နှစ်အရွယ် မောင်ဇာနည်ထွန်းနဲ့  မောင်ဇေယျာထွန်းတို့ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် သိန်းဝင်း(ခ) သိန်းဦးဟာ သားနှစ်ယောက်ကို ပွေ့ချီကျောပိုးခေါ်ဆောင်သွားပြီး ရတနာပုံတက္ကသိုလ်၊ နံ့သာဆောင်နောက်ကျောလမ်းဘေးမှာ  ပါးစပ်ပိတ် လည်ပင်းညှစ် သတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကို တိုင်တန်းလာလို့ သိန်းဝင်း(ခ)သိန်းဦးကို အမရပူရမြို့မရဲစခန်းမှာ လူသတ်မှု ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013