DVB Logo
Home
မြန်မာသတင်း
ထိုင်းနယ်စပ်က ဒုက္ခသည် ၅၉ ဦး မယ်စဲမြို့နယ်ထဲ ပြန်လည်ဝင်ရောက်
DVB
·
February 22, 2019
ထိုင်းနယ်စပ်က ဒုက္ခသည် ၅၉ ဦး မယ်စဲမြို့နယ်ထဲ ပြန်လည်ဝင်ရောက်
Donate to DVB

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ရိုင် ဘန်းနားစွယ်ဒုက္ခသည်စခန်းကနေပြီး မိမိဆန္ဒအရ နေရပ်ပြန်လိုတဲ့ ဒုက္ခသည် ၅၉ ဦးဖေဖော်ဝါရီ ၂၁ ရက်က ကယားပြည်နယ် မယ်စဲမြို့နယ် ဘီပီ ၁၃ ဂိတ်ကနေ ပြန်လည်ဝင်ရောက်လာပါတယ်။

မနေ့မွန်းလွဲပိုင်းက ပြန်လည်ဝင်ရောက်လာကြတာဖြစ်ပြီး ကယားပြည်နယ်ဝန်ကြီး ချုပ်ဦးအယ်လ်ဖောင်းရှိုနဲ့ အစိုးရအဖွဲ့ဝင်တွေ၊ UNHCR၊ NGO,INGOအဖွဲ့များက သွားရောက်ကြို ဆိုလက်ခံခဲ့ကြပါတယ်။

ပြန်လည်ဝင်ရောက်လာသူတွေကို အခမ်းအနားနဲ့ ကြိုဆိုပြီး အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်းတချို့ ထောက်ပံ့ပေးခဲ့ပါတယ်။

နေရပ်ပြန်ပြည်သူတွေကို စိစစ်လက်ခံရေးအဖွဲ့က အိမ်ထောင်စုအလိုက်စာရင်း ကောက်ယူတာ၊ သက်ဆိုင်ရာမြို့နယ်တွေမှာ နိုင်ငံသားခိုင်မာမှုအဆင့်အလိုက် နိုင်ငံသားစိစစ်ရေး ကတ် ပိုင်ဆိုင်ခွင့်ထုတ်ပေးနိုင်ရေး ဥပဒေနဲ့ အညီဆက်လက်ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။

မနေ့ကပြန်လည်ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေဟာ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဖားဆောင်းမြို့နယ်တွေက အိမ်ထောင်စု (၁၅) စုက လူဦးရေ ၅၉ ဦးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013