
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိသာ ၆၀ ဝင်တအိတ်ကို ၆၀၉၀၀ ပေါက်ဈေးရှိပြီး ၈၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲတအိတ်ကို ၆၅၀၀၀ ကနေ ၇၀၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၉၁၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(ဟောင်း) က ပိသာ ၆၀ ဝင်တအိတ်ကို ၆၉၆၀၀ ပေါက်ဈေးရှိပါတယ်။ အောင်လံ ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(သစ်) က ပိသာ ၆၀ ဝင်တအိတ်ကို ၇၈၀၀၀ ပေါက်ဈေးရှိပြီး ၆၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ အောင်လံကုန်စည်ဒိုင် ၈၄၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
နှမ်းနက်စမုံ
မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်စမုံက ၄၅ ပိသာဝင်တအိတ်ကို ၂၄၀၀၀၀ ကနေ ၂၆၀၀၀၀ အထိ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ် ဈေးတက်လာပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ နှမ်းနက်စမုံ တအိတ်ကို ၂၄၀၀၀၀ ကနေ ၂၄၅၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် ၁၅၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
နှမ်းညို
မန္တလေးကုန်စည်ဒိုင်မှာ နှမ်းညိုက ၄၅ ပိသာဝင်တအိတ်ကို ၁၆၀၀၀၀ ကနေ ၁၆၁၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နှမ်းညိုတအိတ်ကို ၁၅၄၅၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၆၅၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ပဲနီပြား
မန္တလေးကုန်စည်ဒိုင်မှာ ပဲနီပြားက ၅၅ ဒသမ ၂၅ ပိသာဝင်တအိတ်ကို ၈၀၀၀၀ ကနေ ၈၂၀၀၀ အထိ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ ပဲနီပြားတအိတ်ကို ၇၁၈၀၀ ကနေ ၈၂၈၀၀ အထိ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် ၈၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ကြက်သွန်နီ
မြင်းခြံကုန်စည်ဒိုင်မှာ ကြက်သွန်နီတပိသာကို ၁၅၀ ကနေ ၆၀၀ အထိ ပေါက်ဈေးရှိပြီး ၅၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီတပိသာကို ၁၀၀ ကနေ ၅၂၅ အထိ ပေါက်ဈေးရှိပါတယ်။ မြင်းခြံနဲ့ ပခုက္ကူကုန်စည်ဒိုင် ၇၅ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။
သတင်း – AMIA











