
လာမယ့် မတ်လမှာကျင်းပဖို့ ရှိနေတဲ့ ၂၀၀၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲနဲ့ ပတ်သက်ပြီး ဒါရိုက်တာသားညီရဲ့ အကယ်ဒမီရင်ခုန်သံ။
“ကျနော်တို့ အခုရိုက်နေကြတဲ့ သူတွေအကုန်လုံးက အကယ်ဒမီဆိုတာထက် အလုပ်တခုကို လုပ်နေကြတယ်လို့ပဲ ကျနော်မြင်ပါတယ်။ အကယ်ဒမီကြီးကို မျှော်လင့်ပြီး ရိုက်ကြတဲ့သူ ရယ်လို့တော့ မရှိပါဘူး။ ကျနော့်အနေနဲ့ ပြောတာနော်။ တချို့တွေကျတော့လည်း ဒါအကယ်ဒမီရမှ ဖြစ်မယ်ဆိုပြီး ကြိုးစားပြီး ရိုက်နေကြတဲ့ သူတွေလည်း ရှိချင်လည်း ရှိမှာပေါ့။ ကျနော့်အနေနဲ့ကတော့ အကယ်ဒမီဆိုတာထက် အလုပ်တခုကို အားလုံးပုံဖော်ကြတယ်။ ပရိသတ်အတွက် ကျနော်တို့ ဘာလုပ်ပေးနိုင် မလဲဆိုတာကို စဉ်းစားပြီးတော့ လုပ်ခဲ့ကြတယ်လို့ပဲ ကျနော်ကတော့ ယူဆပါတယ်။”










