DVB Logo
Home
မြန်မာသတင်း
အိချောပို၏ ဓာတ်ပုံပေါင်း ၁၀၀၀ နီးပါးဖြင့် ဖန်တီးထားသည့် အံ့ဖွယ်ပန်းချီ (ဓာတ်ပုံ)
DVB
·
February 22, 2019
အိချောပို၏ ဓာတ်ပုံပေါင်း ၁၀၀၀ နီးပါးဖြင့် ဖန်တီးထားသည့် အံ့ဖွယ်ပန်းချီ (ဓာတ်ပုံ)
1 / 3
Donate to DVB

ဓာတ်ပုံပေါင်းတထောင်နီးပါးလောက်ကို စုစည်းပြီး ပန်းချီကားတချပ်လို ဖန်တီးထားတဲ့ သရုပ်ဆောင်မင်းသမီး အိချောပိုပုံ ပန်းချီကားဟာ တကယ့်ကို အံ့သြစရာပါပဲ။

ဒီပန်းချီကားကိုတော့ ကာတွန်းဆရာ ဘီရုမာလို့ ပရိသတ်တွေ သိကြတဲ့ ပန်းချီဆရာ အယ်ဒိုဗေဒါက ရေးဆွဲဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ပုံထဲမှာတော့ ဦးထုပ်ဆောင်းထားပြီး ပြုံးနေတဲ့ အိချောပိုရဲ့ ပန်းတွေကြားက အလှကို ပေါ်လွင်အောင် ဖန်တီးထားတာကို တွေ့ရမှာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃ ရက်နေ့ အိချောပိုရဲ့ မွေးနေ့အမီ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ဒီပုံနဲ့ ပတ်သက်ပြီး အိချောပိုကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်ကတဆင့် ဖေဖော်ဝါရီ ၂၀ ရက်နေ့က ခုလိုရေးသားဖော်ပြခဲ့တာပါ။

“ပုံတွေ အများကြီးစုပြီး လုပ်ပေးထားတဲ့ မွေးနေ့လက်ဆောင်လေးပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ် ဆရာရေ...😊 အရမ်းလည်းကြိုက်ပါတယ်ရှင့်...👍”

အယ်ဒိုဗေဒါဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဘ၀အကြောင်းအရာတွေနဲ့ ပတ် သက်တာတွေကို ကာတွန်း ဘီရုမာအမည်နဲ့ ဖန်တီးလေ့ရှိပါတယ်။

သူရိုက်ကူးဖန်တီးခဲ့တဲ့ သားရှင်ပြု အမည်ရတဲ့ အဲန်နီမေးရှင်း ရုပ်ရှင်ဇာတ်လမ်းတို့ဟာ နာမည်ကြီးပါတယ်။

အချိန် ၁၂ မိနစ်ကြာတဲ့ အဲဒီဇာတ်လမ်းဟာ မြန်မာမှုအငွေ့အသက်တွေနဲ့ ဖခင်နဲ့ သားကြားက ချစ်ခြင်းမေတ္တာတရားကို ဖော်ကျူးထားခဲ့တာ ဖြစ်ပါတယ်။

သားကို ရှင်ပြုပေးချင်တဲ့ ဆန္ဒနဲ့ ဘယ်လိုအခက်အခဲတွေပဲ ကြုံလာကြုံလာ မေတ္တာတရားနဲ့ ဖြစ်အောင် ဆောင်ရွက်ပေးနိုင်တဲ့ အကြောင်းကို ပုံဖော်ဖန်တီးထားခဲ့တဲ့ ဒီရုပ်ရှင်ကားနဲ့ သူဟာ ၀ဿန်ရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့သူ ဖြစ်ပါတယ်။

ခုထွက်ရှိလာတဲ့ အိချောပိုပုံ ပန်းချီလက်ရာကတော့ လတ်တလော ပရိသတ်တွေကြားမှာ သဘောကျနှစ်ခြိုက်မှုတွေ ရှိနေပြီး ရေပန်းစားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013