DVB Logo
Home
မြန်မာသတင်း
တရားမ၀င်သစ်တင်ကား ဖြတ်သန်းစဉ် ​တံတားကျိုးကျ၊ ​လူ ၆ ဦး​သေဆုံး
DVB
·
February 22, 2019
တရားမ၀င်သစ်တင်ကား ဖြတ်သန်းစဉ် ​တံတားကျိုးကျ၊ ​လူ ၆ ဦး​သေဆုံး
Donate to DVB

ဧရာဝတီတိုင်း​ဒေသကြီး အင်္ဂပူမြို့နယ်​ ကထူးကြီး-​ရွှေကျင်​-သ​ပြေကုန်းလမ်းမ​ပေါ်ရှိ တစ်​တစ်​တူးကွင်း တံတားမှာ တရားမ၀င်သစ်​​တွေ တင်​​ဆောင်​လာတဲ့ ကားတစီး ဖြတ်မောင်းလာစဉ် တံတားကျိုးကျပြီး လူ ၆ ဦး သေဆုံးသွားပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်​ မနက်အစောပိုင်း ၁ နာရီလောက်က ဖြစ်ပွားခဲ့တာလို့ ထူးကြီးနယ်​​မြေရဲတပ်​ဖွဲ့စခန်းမှ ဒုရဲအုပ်​မျိုးစည်​သူက​ ပြောပါတယ်။

"တိမ်းမှောက်​​နေတဲ့ ကားနဲ့အ​လောင်း​တွေကို​ ဖော်​​နေတယ်။ ​​လော​လောဆယ်​​ဆေးရုံကို သုံး​ယောက်​တင်​ထားရတယ်​။ လက်​ရှိမှာ​တော့ အ​လောင်း ၆ လောင်း​ရပြီ၊ ထူးကြီးပြည်​သူ့​ဆေးရုံကို ပို့​ဆောင်​​ပါတယ်။ ​ကျန်​တဲ့ ရဲလုပ်​ငန်း​တွေ ဆက်​စပ်​လုပ်​ကိုင်​​နေပါတယ်။”

အင်္ဂပူမြို့နယ် ​သစ်​​တောဦးစီး​ဌာန  တောအုပ် ​ဦးဟန်​မင်းထက်​က​ "ကျ​နော်​ ဒီသစ်​​တွေကို ခုတိုင်း​ထွာမယ်​၊ မဲ​ဇလီကုန်းဘိနယ်​ကို သယ်​မယ်။ ​လော​လောဆယ်​ သစ်​​တောဥပ​ဒေပုဒ်​မ ၄၁ (က) ကျွန်းနဲ့ တားမြစ်​ထားတဲ့ သစ်​​တောထွက်​ပစ္စည်းများအပြင် ​အခြားသစ်​​တောထွက်​ ပစ္စည်းများကို ခွင့်ပြုချက်​မရှိဘဲ ရွှေ့ပြောင်းခြင်း သယ်​​ဆောင်​ဥပ​ဒေနဲ့ အမှုဖွင့်ပြီး စစ်​​ဆေး​နေပါတယ်​” လို့ ပြောပါတယ်​။

ယာဉ်​​မောင်း ကို​တင်​​မောင်​​ဆွေကို ရဲတပ်​ဖွဲ့ကဖမ်းဆီးပြီး ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၃၀၄-(က)ေ​ပါ့ဆမှုကြောင့် လူ​သေမှုနဲ့ အမှုဖွင့်စစ်​​ဆေး​နေပါတယ်​။

တရားမ၀င် ဖမ်းဆီးမိတဲ့ သစ်တန်က ၄ တန်​​ကျော်​​လောက်​ရှိမယ်​လို့ သစ်တောဦးစီးဌာနက သိရပါတယ်​။

သတင်းနှင့်ဓာတ်ပုံ - သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013