DVB Logo
Home
မြန်မာသတင်း
ပင်စင်ထုတ်ယူရာတွင် အဆင်မပြေပါက မေးမြန်းနိုင်၊ ထုတ်ယူရန် လူ ၂ သိန်းခန့် ကျန်ရှိနေ
DVB
·
February 22, 2019
ပင်စင်ထုတ်ယူရာတွင် အဆင်မပြေပါက မေးမြန်းနိုင်၊ ထုတ်ယူရန် လူ ၂ သိန်းခန့် ကျန်ရှိနေ
Donate to DVB

ပင်စင်လစာတွေ ထုတ်ယူရာမှာ အဆင်မပြေပါက ဆက်သွယ်မေးမြန်းနိုင်ပြီး ထုတ်ယူဖို့ ကျန်ရှိသူ  ၂ သိန်းလောက် ရှိတယ်လို့ ပင်စင်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

၂၀၁၉ ခုနှစ် ဇန်န၀ါရီ ပင်စင်လစာကနေစပြီး တိုးမြှင့်ခံစားခွင့်ပြုထားကြောင်း၊ တဦးချင်းစီရဲ့ တိုးမြှင့်ပင်စင်ငွေပေးမိန့်တွေကိုလည်း စိစစ်တွက်ချက်ပြီး မြန်မာ့စီးပွားရေး ဘဏ်ခွဲအသီးသီးကို နေ့စဉ် ပေးပို့နေတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်အထိ မြို့ပြ ပင်စင်စား ၁၉၇၀၈၂ ဦး၊ နိုင်ငံရေးပင်စင်စား ၄၄၄၁၅ ဦး၊ စုစုပေါင်း ပင်စင်စား ၂၄၁၄၉၇ ဦးရဲ့ ငွေပေးမိန့်တွေ ထုတ်ပြန်ထားပါတယ်။

မြို့ပြပင်စင်စား ၅၄၄၉၂ ဦး၊ နိုင်ငံရေးပင်စင်စား ၄၉၇၁ ဦး၊ စုစုပေါင်း ပင်စင်စား ၅၄၆၃ ဦး ထုတ်ယူထားကာ ၁၈၂၀၃၄ ဦး ကျန်ရှိနေပြီး သွားရောက်ရာက်ထုတ်ယူကြဖို့ တိုက်တွန်းထားပါတယ်။

တိုးမြှင့်ပင်စင်လစာတွေကို မြန်မာ့စီးပွားရေးဘဏ်ခွဲတွေမှာ ထုတ်ယူနိုင်ပြီး အခက်အခဲ ဖြစ်ပေါ်ပါက နေပြည်တော်ပင်စင်ဦးစီးဌာန Hot Line ဖုန်း ၀၆၇၃၄၁၀၃၇၃နဲ့ ၀၉ ၄၄၂၁၄၅၉၁၃ တို့ကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း ပင်စင်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013