DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာကရခိုင်မြောက်ပိုင်းတင်းမာမှုကိုသာ အမြင်ကျဉ်းမြောင်းစွာ အာရုံစိုက်နေဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန်
DVB
·
February 22, 2019
နိုင်ငံတကာကရခိုင်မြောက်ပိုင်းတင်းမာမှုကိုသာ အမြင်ကျဉ်းမြောင်းစွာ အာရုံစိုက်နေဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန်
Donate to DVB

နိုင်ငံတကာအသိုက်အ၀န်းဟာ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး အလားအလာကောင်းတွေထက် ပြည်နယ်မြောက်ပိုင်းက တင်းမာမှုတွေကိုပဲ အာရုံထားနေကြတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  ဝေဖန်ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေမှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၂ရက် မနက်က ပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုပြပွဲ( ၂၀၁၉) ဖွင့်ပွဲ အခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

“နိုင်ငံတကာအသိုက်အ၀န်းရဲ့ အာရုံစိုက်မှုက ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကျဉ်းပေးနိုင်တဲ့ ပြည်နယ်အတွင်း များပြားစွာတည်ရှိနေတဲ့ အလားအလာကောင်းတွေထက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားတဲ့ တင်းမာမှုများကိုသာ အမြင်ကျဉ်းမြောင်းစွာ အာရုံထားနေခဲ့တာ ကာလရှည်ကြာခဲ့ပြီဖြစ်ပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာ စီးပွားရေး အလားအလာကောင်းတွေ အမြောက်အမြား ရှိနေပြီး အထူးသဖြင့် ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းဟာ အင်မတန်အလားအလာကောင်း တယ်တဲ့အတွက် လာရောက်ရင်းနှီးမြှုပ်နှံကြဖို့လည်း နိုင်ငံတော် အတိုင်ပင်ခံက ဖိတ်ခေါ် လိုက်ပါတယ်။

ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အကောင်အထည်ဖော်တဲ့အခါ တင်ဒါစနစ်နဲ့ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်သူအားလုံး သာတူညီမျှ ရရှိစေရေး လုပ်ဆောင်ပေးမယ်လို့လည်း ဆိုပါတယ်။

တိုင်းပြည်စီးပွားရေးကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်းမှာ ၆ဒသမ ၂ ရာခိုင်နှုန်းတိုးတက်ဖို့ ခန့်မှန်းထားပြီး စွမ်းအင်ကဏ္ဍနဲ့ ပုဂလိကကဏ္ဍကနေ အများဆုံးတိုးတက်ဖို့ မျှော်မှန်းထားတယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနဲ့  သဘာဝအခြေခံခရီးသွားလုပ်ငန်းတွေကို အားပေးမြှင့်တင်ဖို့ ရည်ရွယ်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနဲ့ ဂျပန်ပြည်ပကုန်သွယ်မှုအဖွဲ့တို့ ပူးပေါင်းပြီး ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲကို ဖေဖော်ဝါရီ ၂၁ ရက် ကနေ ၂၃ ရက်အထိ ငပလီကမ်းခြေမှာ ကျင်းပနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013