DVB Logo
Home
မြန်မာသတင်း
ထိန်းသိမ်းခံထားရသည့် မြန်မာရဲတပ်သားကို အမြန်လွှဲပေးရန် ဘင်္ဂလားဒေ့ရှ်ထံ တောင်းဆို
DVB
·
February 22, 2019
ထိန်းသိမ်းခံထားရသည့် မြန်မာရဲတပ်သားကို အမြန်လွှဲပေးရန် ဘင်္ဂလားဒေ့ရှ်ထံ တောင်းဆို
Donate to DVB

ဘင်္ဂလားဒေ့ရှ်ဘက်က ထိန်းသိမ်းထားတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ရဲတပ်သား တဦးကို အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးအပ်ဖို့ မြန်မာဘက်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က  နေပြည်တော်မှာ ခေါ်ယူတွေ့ဆုံ ပြောကြားခဲ့တာလို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။

ပြီးခဲ့တဲ့၂၀၁၅ ဇွန်လက မြန်မာနိုင်ငံဘက်ကို တရားမဝင် ရောက်ရှိလာခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တဦးကို မြန်မာဘက်က ၈ရက်အတွင်း ပြန်လည်လွှဲပြောင်းပေးခဲ့သလို မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်ဘက်က ထိန်းသိမ်းထားတဲ့ မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲတပ်သား အောင်ဘိုဘိုသိန်းကိုလည်း ဆောလျင်စွာ ပြန်လည်လွှဲပြောင်းပေးစေလိုတယ်လို့ မြန်မာဘက်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကလည်း မြန်မာရဲတပ်သားကို ဥပဒေကြောင်းအရ အရေးယူမှုတွေမလုပ်ဘဲ ဘင်္ဂလားဒေ့ရှ် ပြည်တွင်းလုပ်ငန်းစဉ်တွေနဲ့အညီ လိုအပ်တာတွေ ဆောင်ရွက်ပြီးရင် မြန်မာဘက်ကို ပြန်လည်လွှဲပြောင်းသွားမယ်လို့ ကတိပေးပြောသွားပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သဘောတူညီချက်တွေနဲ့အညီ နေရပ်စွန့်ခွာသွားသူတွေကို ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွေ အမြန်စတင်ရေးကိစ္စအတွက် ဆွေးနွေးဖို့ လာမယ့် ဧပြီလ နေပြည်တော်မှာ အစည်းအဝေးကျင်းပဖို့  မြန်မာဘက်က ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို အဆိုပြုခဲ့တယ်လို့လည်း နိုင်ငံခြားရေးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013