DVB Logo
Home
မြန်မာသတင်း
စင်ကာပူတွင် တရားမ၀င်သုသာန်ကျင်းတူး မြန်မာအမျိုးသား ၆ ဦး ဖမ်းဆီးခံရ
DVB
·
February 22, 2019
စင်ကာပူတွင် တရားမ၀င်သုသာန်ကျင်းတူး မြန်မာအမျိုးသား ၆ ဦး ဖမ်းဆီးခံရ
Donate to DVB

စင်ကာပူနိုင်ငံ သင်္ချိုင်းတခုအတွင်းမှာ တရားမ၀င်နေထိုင်တဲ့ သုသာန်ကျင်းတူး မြန်မာအလုပ်သမား ၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သည်စထရိတ်တိုင်းမ်သတင်းမှာ ဒီက နေ့ဖော်ပြပါတယ်။

သူတို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မနက်ပိုင်းက ချာချူကန်သင်္ချိုင်းအတွင်းမှာ ဖမ်းမိခဲ့တာလို့ စင်ကာပူလူဝင်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးအာဏာပိုင်အဖွဲ့ (အိုင်စီအေ) က ဆိုပါတယ်။

အသက် ၂၂ နှစ်နဲ့ ၄၂ နှစ်အရွယ်ကြား အဆိုပါ အမျိုးသား ၆ ဦးကို နိုင်ငံတွင်း တရားမ၀င် ဗီဇာသက်တမ်းရက်ကျော်လွန် နေထိုင်မှုအပါအ၀င် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုတွေနဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

စင်ကာပူ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေဟာ အဲဒီနေ့မနက်ပိုင်း ၈.၄၀ နာရီလောက်က ကင်းလှည့်စစ်ဆေးချိန်မှာ မြန်မာအမျိုးသားတဦးကို တွေ့ရှိပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့အတွက် သူ့နောက်ကို လိုက်သွားခဲ့ချိန်မှာ သုသာန်တွင်း တရားမ၀င်နေထိုင်တဲ့ နောက်ထပ် အမျိုးသား ၅ ဦးကိုပါ ဖမ်းမိခဲ့တာပါ။

စင်ကာပူနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အက်ဥပဒေအရ နိုင်ငံတွင်း ဗီဇာသက်တမ်း ကျော်လွန်နေထိုင်သူတွေကို ထောင်ဒဏ် ၆ လနဲ့ ကြိမ်ဒဏ် ၃ ချက်အထိ အပြစ်ပေးနိုင်ပါတယ်။ နိုင်ငံထဲကနေ တရားမ၀င် ပြန်လည်ထွက်ခွာသူတွေကိုတော့ စင်ကာပူ ဒေါ် လာ ၂ ထောင်ထိ၊ ထောင်ဒဏ် ၆ လ ဒါမှမဟုတ် ထောင်ဒဏ်နဲ့ငွေဒဏ် ၂ ရပ် လုံးကျခံစေဖို့ အပြစ်ပေးနိုင်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013