
အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့နဲ့ အပြည်ပြည်ဆိုင်ရာ ဌာနေင်းရင်းသားတို့ရဲ့ ဘာသာစကားများနှစ် အခမ်းအနားကို ရန်ကုန်မြို့ ဝေဇယန္တာလမ်းမှာရှိတဲ့ Gandamar wholesale မှာ ဘာသာစကားနှင့် လူမှုဖွံဖြိုးရေးအဖွဲ့က ဦးဆောင်ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားကို ဌာနေတိုင်းရင်းသား အများအပြားတတ်ရောက်ခဲ့ပြီး နိုင်ငံတိုင်းမှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့ရောက်တိုင်း ကျင်းပလေ့ရှိပါတယ်။
ဒီအခမ်းအနားမှာ မိခင်ဘာသာစကားကို ထိန်းသိမ်းနိုင်အောင် ကြိုးစားလုပ်ဆောင်ခဲ့တဲ့ အတွေ့အကြုံတွေကို အပြန်အလှန်ဖလှယ်ခဲ့ကြပြီး ဘာသာစကားဟာ လူမျိုးတွေရဲ့ ကိုယ်ပိုင် အရည်အသွေး ယဉ်ကျေးမှုသမိုင်း ရိုးရာနဲ့ အမှတ်တရများစွာ သိုမှီးသိမ်းဆည်းတဲ့ ပင်မနေရာ ဖြစ်တာကြောင့် အားလုံးဝိုင်းဝန်းထိန်းသိမ်းဖို့ LSDO လက်ထောက်ဒါရိုက်တာ ဦးလင်းကျော်ဇောက ပြောပါတယ်။











