DVB Logo
Home
မြန်မာသတင်း
ချင်းတိုင်းရင်းသားများ ဒီမိုကရေစီ အသီးအပွင့်ကို ခံစားလာရပြီဟု သမ္မတပြော
DVB
·
February 21, 2019
ချင်းတိုင်းရင်းသားများ ဒီမိုကရေစီ အသီးအပွင့်ကို ခံစားလာရပြီဟု သမ္မတပြော
Donate to DVB

ချင်းအမျိုးသားတွေအနေနဲ့  ဒီမိုကရေစီကို တန်ဖိုးထားပြီး၊ လူ့အခွင့်အရေးကို လေးစားကြတာနဲ့အမျှ ဒီမိုကရေစီ အသီးအပွင့်တွေကို ခံစားလာရပြီ ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။

ဖေဖော်ဝါရီ ၂ဝ ရက်က  ချင်းပြည်နယ် ဟားခါးမြို့ ဝမ္မသူးမောင် အားကစားကွင်းမှာ ကျင်းပတဲ့   (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တက်ရောက် မိန့်ခွန်းပြောကြားခဲ့တာပါ။

အစိုးရအနေနဲ့ တိုင်းဒေသကြီး/ပြည်နယ် မခွဲခြားဘဲ ဖွံ့ဖြိုးတိုးတက်မှုကို ဟန်ချက်ညီအောင် ကြိုးပမ်းဆောင်ရွက်နေတယ်၊ ချင်းပြည်နယ်ရဲ့ အလှတရားဟာ ချင်းပြည်နယ်မှာသာမက ပြည်ထောင်စုကြီးရဲ့ အလှတရားဖြစ်အောင်၊ ချင်းပြည်နယ်ရဲ့ ဒီမိုကရေစီတန်ဖိုးထားမှုဟာ ချင်းပြည်နယ်မှာသာမက ပြည်ထောင်စုကြီး တခုလုံးမှာလည်း ဒီမိုကရေစီ စံချိန်စံညွှန်းတွေအတိုင်း တန်ဖိုးထားရှိနိုင်အောင် ဆောင်ရွက်ဖို့လိုတယ်လို့ သမ္မတက ပြောပါတယ်။

ချင်းပြည်နယ်မှာ မျိုးနွယ်စု ၅၃ စု ရှိပြီး မျိုးနွယ်စု အသွင်ကွဲ၊ အဆင်ကွဲတွေ ရှိနေတာဟာ ချင်းပြည်နယ်ရဲ့အလှတရားဖြစ်သလို စည်းလုံးညီညွတ်မှုအင်အားဖြစ်ပြီး ဒီအလှတရားနဲ့ စည်းလုံးညီညွတ်မှုကို ဆက်လက်ထိန်းသိမ်းကာ  ပြည်ထောင်စုကြီးတည်တံ့ဖို့ အားလုံး တက်ညီ လက်ညီ ကြိုးပမ်းပေးကြဖို့လည်း သမ္မတက တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတော်သမ္မတနဲ့ ဇနီးတို့ဟာ ဟားခါးမြို့မှာ ကျင်းပတဲ့ ဘွဲတိုင်(ခ)အထွတ်အမြတ်တိုင် စိုက်ထူပွဲကို တက်ရောက်စိုက်ထူပေးခဲ့ပြီး ချင်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့တွေရဲ့ စုပေါင်းဝါးညှပ်ကပွဲ၊ ခေါင်ကျွဲပွဲ၊ မီးပုံပွဲတွေကိုလည်း  တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013