DVB Logo
Home
မြန်မာသတင်း
ရသေ့တောင်တွင်တိုက်ပွဲဖြစ်၍ အမျိုးသမီး ၁ ​ဦး​ကျည်ဆန်မှန် သေဆုံး၊ စာမေးပွဲများရပ်ဆိုင်း  
DVB
·
February 21, 2019
ရသေ့တောင်တွင်တိုက်ပွဲဖြစ်၍ အမျိုးသမီး ၁ ​ဦး​ကျည်ဆန်မှန် သေဆုံး၊ စာမေးပွဲများရပ်ဆိုင်း  
Donate to DVB

ရခိုင်ပြည်နယ်၊ ​ရ​သေ့​တောင်​မြို့နယ်​၊ မင်းဖူး​ကျေးရွာမှာေ​အ​အေ ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ တပ်​မ​တော်​တို့ မနေ့ကတိုက်​ပွဲဖြစ်​ပွားပြီး မင်းဖူး​ကျေးရွာနေ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တဦး ကျည်ဆန်ထိမှန် သေဆုံးသွားပါတယ်။

တိုက်ပွဲကြောင့် အခြေခံပညာ စတုတ္ထတန်းနဲ့ အဋ္ဌမတန်း ကျောင်းသားတွေ စာမေးပွဲ ဖြေဆိုနေတာကိုလည်း ရပ်တန့်ခဲ့ရတယ်လို့ မင်းဖူး​ကျေးရွာမှာ တာဝန်​ထမ်း​ဆောင်​​နေတဲ့ ဆရာတဦးက​ ပြောပါတယ်​။
“မ​နေ့က မနက် ၁၀ နာရီ​​လောက်​မှာဖြစ်​တယ်​ဆို​တော စာ​မေးပွဲစစ်​​ဆေး​နေတဲ့ စတုတ္ထတန်း ၄ ခန်းမှာ ၂ ခန်းပြီးသွားပြီး ၂ ခန်းကျန်​​နေတဲ့ အချိန်​ပါ။ အဋ္ဌမတန်းက ၂ ခန်းလုံး စစ်​​ဆေး​နေတဲ့ အချိန်​ပါ။ စတုတ္ထတန်းစာ​မေးပွဲက မနက်​ ၉ နာရီမှာ စစ်​ပြီး အဋ္ဌမတန်းကို မနက်​ ၁၀ နာရီမှာ စစစ်​တာပါ။”

ကျောင်းသူကျောင်းသားတွေကို နေအိမ်အပြင်မထွက်ကြဖို့ တပ်မတော်က မနေ့ကတည်းက ညွန်ကြားထားခဲ့တယ်လို့လည်း  မင်းဖူး​ကျေးရွာက ကျောင်းဆရာကပြောပါတယ်။

“မ​နေ့က ​ကျောင်းသူ​ ကျောင်းသား​တွေကို အပြင်​ကိုမထွက်​ဖို့ တပ်​ကညွှန်​ကြားတဲ့အတွက်​ မနက်​စာ မစားရဘဲ ည​နေစာကို​တော့ အတတ်​နိုင်​ဆုံး ချက်​​ကျွေးခဲ့ရပါတယ်​။ အခု မနက်​မှာ​တော့ မိဘ​တွေက သားသမီး​တွေကို ပြန်​လာ​ခေါ်သွားကြပါပြီ။ ဒီ​နေ့ စာပွဲစစ်​​ဆေးခြင်း မရှိ​တော့ပါ။ မြန်​မာစာ၊ အင်္ဂလိပ်​စာ၊ သင်္ချာ သုံးဘာသာ စစ်​​ဆေးရတုန်းပါ။ တနင်္လာ​နေ့က စစ်​တာပါ။ စာ​မေးပွဲ စစ်​​ဆေးတာ ပျက်​သွားပါပြီ” လို့​ ပြောပါတယ်​။

မင်းဖူး​ကျေးရွာမှာ​ စတုတ္ထတန်း ​ကျောင်းသူ၊ ကျောင်းသား စုစု​ပေါင်း ၃၀ ​ကျော်နဲ့ အဋ္ဌမတန်း​ ကျောင်းသူ၊ ကျောင်းသား ၅၀ ​ကျော်​ရှိ​တယ်လို့  သိရပါတယ်​။

ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013