DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီတွင်ပါဝင်မည့် တပ်မတော်သားကိုယ်စားလှယ် အမည်စာရင်းသွင်း
DVB
·
February 21, 2019
ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီတွင်ပါဝင်မည့် တပ်မတော်သားကိုယ်စားလှယ် အမည်စာရင်းသွင်း
Donate to DVB

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ ပါဝင်ဖို့အတွက် တပ်မတော်သားကိုယ်စားလှယ် ၈ ဦးကို အမည်စာရင်းတင်သွင်းထားပြီး ဖြစ်တယ်လို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်မောင်မောင်က ပြောပါတယ်။

ဒီကနေ့မနက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မကျင်းပခင် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

တပ်မတော်သားကိုယ်စားလှယ် ၈ ဦးအနေနဲ့ ကော်မတီအဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ပြင်ဆင်သင့် ပြင်ဆင်ထိုက်တာတွေကို ပြင်ဆင်ဖို့ လုပ်ဆောင်မှာဖြစ်ပြီး နိုင်ငံတော်နဲ့ နိုင်ငံသားတွေ အပေါ် ထိခိုက်စေမယ့် ကိစ္စတွေကိုတော့ ကန့်ကွက်သွားမယ်လို့လည်း ဗိုလ်မှူးချုပ်မောင်မောင်က ပြောဆိုခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဦးဆောင်မယ့် ပူးပေါင်းကော်မတီကို ပြည်ထောင်စု လွှတ်တော် ဒုနာယက ဦးထွန်းထွန်းဟိန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတာဖြစ်ပြီး ပုဂ္ဂိုလ် ၄၅ ဦးနဲ့ ဖွဲ့စည်းထားတာပါ။

ပူးပေါင်းကော်မတီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာတွေ့ရှိချက် အစီရင်ခံစာနဲ့ ပြင်ဆင်မယ့် ဥပဒေကြမ်းတို့ကို ဖေဖော်ဝါရီ ၂၀ ရက်က စတင်ပြီး ၅ လအတွင်း အပြီးရေးဆွဲကာ လွှတ်တော် နာယကထံ တင်ပြရမှာလည်းဖြစ်ပါတယ်။

ကော်မတီဖွဲ့စည်းတဲ့ကိစ္စ တပ်မတော်က သဘောတူခြင်းမရှိသော်လည်း လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်တို့ရဲ့ တာဝန်နဲ့အညီ ပါဝင်ဆောင်ရွက်ဖို့အတွက် အမည်စာရင်းပေးသွင်းရတာဖြစ်တယ်လို့လည်း တပ်မတော်သား ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013