DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲဖြစ်မှာ စိုးရိမ်၍ ပလောင်ရွာသား ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်
DVB
·
February 20, 2019
တိုက်ပွဲဖြစ်မှာ စိုးရိမ်၍ ပလောင်ရွာသား ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်
1 / 5
Donate to DVB

ရှမ်းပြည်မြောကိပိုင်း၊ သီပေါမြို့နယ်၊ ပန်ဟုန်းကျေးရွာအုပ်စု ပါကမ်းကျေးရွာဘက်မှာ ရှမ်းပြည်တပ်မတော် RCSS နဲ့ SSPP အဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်မှာစိုးရိမ်ပြီး ရွာသား ၅၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။

ပလောင်တိုင်းရင်းသားအများစုနေထိုင်ရာ အိမ်ခြေ ၈၀ ကျော်ရှိတဲ့ ပါကမ်းရွာက ရွာသားတွေ ဟာ ဒီမနက်မိုးမလင်းခင်ကတည်းက သူတို့ရွာနဲ့ ဆယ်မိုင်ကျော်ဝေးတဲ့ မန်လီကျေးရွာ ဘက်ကို ခြေလျင်လျှောက်လာကြပြီး  လောလောဆယ် မန်လီကျောင်းတိုက်မှာ နေရာချထားပေးတယ်လို့ မန်လီကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းနောင့်က ဒီဗွီဘီကို ပြောပါတယ်။

“တိုက်ပွဲကတော့ မဖြစ်သေးပါဘူး။ ဒါပေမယ့် မတည့်တဲ့ရှမ်းတပ်နှစ်တပ်က သူတို့ ရွာနား မှာရှိတဲ့ တောင်ကုန်းတဘက်စီမှာရောက်လာတာတွေ့လို့ တိုက်ပွဲဖြစ်မှာကြောက်လို့ ပြေးလာကြ တာပါ။ အခုကျောင်းတိုက်မှာ စုစုပေါင်း လူ ၅၀၀ ကျော်ရောက်နေတယ်။ ကျနော်တို့ ဘုန်းကြီးကျောင်း ဇရပ်မှာနေရာချထားပေးပါတယ်။ အားလုံးက ပါကမ်းရွာက ပလောင် တိုင်းရင်းသားတွေ၊ မိန်းမနဲ့ ကလေးတွေက အများဆုံးဖြစ်ပါတယ်။ ပထမအသုတ်က လမ်းလျှောက် လာကြပြီး သီပေါပရဟိတအဖွဲ့တွေရောက်လာတော့ နောက်ထပ်ကျန်သေးတဲ့ သူတွေ ကို ကားနဲ့ သွားကြိုနေပါတယ်”

ဝမ်လီဘုန်းကြီးကျောင်းမှာ တိုက်ပွဲရှောင်တွေအများကြီးရောက်လာတာ ဒါဟာပထမဆုံး အကြိမ်ဖြစ်ပြီး  သူတို့စားရေးသောက်ရေးအတွက် အလှူရှင်တွေလိုအပ်နေတယ်လို့ ၀မ်လီ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သီပေါမြို့နယ်စည်းမခြား ပရဟိတအဖွဲ့ကလည်း  ၀မ်လီရွာမှာ တိုက်ပွဲရှောင်တွေရောက်နေ လို့ လိုအပ်တဲ့အကူအညီပေးဖို့ ရောက်သွားခဲ့ပြီး ထွက်ပြေးလာသူတွေအတွက် ပြင်ဆင်ထားတယ်လို့  အဖွဲ့ ဥက္ကဋ္ဌ ကိုမျိုးက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ရွာနားမှာ တိုက်ပွဲဖြစ်နေတာ ၂ ရက် ၃ ရက်ရှိပြီပြောတယ်။ ဒါပေမယ့် ဘယ်အဖွဲ့တွေ ပစ်ကြသလဲတော့ မသိဘူး။ ကျနော်တို့ ပရဟိတကားနဲ့ နောက်ထပ်ကျန်နေတဲ့ လူတွေ သွားကြို မလို့ပါဘဲခင်ဗျ။ နောင်ငင်းရွာက ထွက်လာချင်တယ်လို့ အစပိုင်းမှာ အကြောင်းကြားလာတယ်။ နောက်တော့ ရွာကနေထွက်လို့မရတာလား အခြေအနေငြိမ်သွားတာလား မသိဘူး။ ထွက်မလာ သေးဘူး။ ဒါကြောင့် မန်လီကျောင်းမှာ ရောက်နေတဲ့သူတွေအတွက်ဘဲ စားသောက်စရာတွေ ကူညီခဲ့ပါတယ်။”  

ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS အဖွဲ့ဟာ အစိုးရနဲ့ အန်စီအေ အပစ်ရပ် လက်မှတ်ထိုးထားပြီး ၀မ်ဟိုင်းအခြေစိုက် ရှမ်းပြည်တပ်မတော်မြောက်ပိုင်း  SSPP အဖွဲ့ ကတော့ လက်မှတ်မထိုးရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013