DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
February 20, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိသာ ၆၀ ဝင်တအိတ်ကို ၆၀၈၀၀ ပေါက်ဈေးရှိပြီး ၈၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲတအိတ်ကို ၆၃၀၀၀ ကနေ ၇၀၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၉၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကြက်သွန်ဖြူ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်ဖြူတပိသာကို ၅၀၀ ကနေ ၁၅၀၀ အထိ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူ ကုန်စည်ဒိုင်မှာ ကြက်သွန်ဖြူ (ကြူကုတ်) တပိသာကို ၃၅၀ ကနေ ၁၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ ပခုက္ကူကုန်စည်ဒိုင် ၅၀၀ ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(သစ်) က ပိသာ ၆၀ ဝင်တအိတ်ကို ၇၇၀၀၀ ကနေ ၇၈၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(သစ်) က ပိသာ ၆၀ ဝင်တအိတ်ကို ၇၇၄၀၀၀ ပေါက်ဈေးရှိပြီး ၉၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် ၆၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲကြီး

မန္တလေးကုန်စည်ဒိုင်မှာ ပဲကြီးက ၅၅ ဒသမ ၂၅ ပိသာဝင်တအိတ်ကို ၇၈၀၀၀ ကနေ ၉၅၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ ပဲကြီးတအိတ်ကို ၇၅၀၀၀ ကနေ ၉၁၅၀၀ အထိ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် ၃၅၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနက်စမုံ

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်စမုံက ၄၅ ပိသာဝင်တအိတ်ကို ၂၃၅၀၀၀ ကနေ ၂၆၀၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ နှမ်းနက်စမုံတအိတ်ကို ၂၄၀၀၀၀ ကနေ ၂၄၅၀၀၀ အထိ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် ၁၅၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ကြက်သွန်နီ

ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီတပိသာကို ၁၀၀ ကနေ ၄၅၀ အထိ ပေါက်ဈေးရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ ကြက်သွန်နီတပိသာကို ၁၀၀ ကနေ ၄၅၀ အထိ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် ဈေးအပြောင်းအလဲ မရှိပါ။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013