Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ်တွင် မြန်မာ့ရိုးရာ နွားလှည်းနှင့် နွားအလှပြိုင်ပွဲကျင်းပ
DVB
·
February 20, 2019
52700546_2868133179992347_732424170306011136_n
52672989_2868133296659002_5362199740580626432_n
52596405_2868132719992393_5446921917569171456_n
52392517_2868132656659066_3854776200912175104_n
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် မြတ်ညီနောင်ဘုရားပွဲတော်မှာ မြန်မာ့ရိုးရာ နွားလှည်းနဲ့ နွားအလှပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၀ရက်က ကျင်းပပါတယ်။ နွားပြိုင်ပွဲမှာ နွားကြီးခြေအသွားကျလှည်း၊ နွားလတ်ခြေအသွားကျလှည်း၊ နွားငယ်ခြေအသွားကျလှည်း၊ နွားငယ်ခြေအသွားကျနဲ့ ဒုန်းနွားပြိုင်ပွဲ ဆိုပြီး ပြိုင်ပွဲ အမျိုးအစား ၅ မျိုး ကျင်းပတာဖြစ်ပါတယ်။   နွားပြိုင်ပွဲကော်မတီဝင် ဦးထွန်းနိုင်က “ထူးထူးခြားခြားအနေနဲ့ ဒီနှစ်တော့ အချိန်ပေးပြီး ဒုန်းနွားပြိုင်ပွဲ ထည့်သွင်းပေးထားတယ်။ ပရိတ်သတ်ရဲ့ တောင်းဆိုမှုပါ။ ပြည်ပကိုရောင်းမှ ဈေးကောင်းရတာ မဟုတ်ပါဘူး။ နွားပြိုင်ပွဲက ဆုရနွားတွေလည်း ဈေးကောင်းရပါတယ်"လို့ ပြောပါတယ်။ ပြိုင်ပွဲအလိုက် နေ့စဉ် ပထမဆု တဆု ပေးအပ်ချီးမြှင့် ၄ ရက်ပြိုင်လို့ ပထမဆုရ နွားတွေကို ၅ရက်မြောက်နေ့မှာ ဗိုလ်တကာ့ဗိုလ် ဆိုပြီး ထပ်မံယှဉ်ပြိုင်ရပါတယ်။ နောက်ဆုံးရက်မှာ နွားပြိုင်ပွဲ တခုကို ပထမ၊ ဒုတိယ၊ တတိယနဲ့  စတုတ္ထဆိုပြီး ဆု ၄ဆု ပေးပါတယ်။ ထနောင်းကန်ရွာက ဦးကြည်ဝင်းက “နှစ်တိုင်းလည်းလာပြိုင် ဖြစ်တယ် နွားတွေလည်းတန်ဖိုး မြင့်စေတယ်"လို့ ပြောပါတယ်။ နွားပြိုင်ပွဲကော်မတီအတွင်းရေးမှူး ဦးအောင်ကျော်ထွေးကတော့ "နွားပြိုင်ပွဲက နွားတွေဟာ ကြေးတိုးနွားတွေ ဖြစ်စေတယ်။ တောင်သူတွေ အလုပ်ခွင်နားချိန် ပျော်ရွှင်ပွဲလည်း ဖြစ်စေတယ်"လို့ ပြောပါတယ်။ နွားပြိုင်ပွဲဝါသနာရှင်ဦးမောင်ကျော်က "ဒီနှစ် ဒုန်းနွားပါတယ်။ အခက်အခဲရှိတာကြောင့် နွားပြိုင်ပွဲတွေမှာ ဒုန်းနွားတွေ မပါတော့တာပါ။ နိုင်ငံတော်က ချထားတဲ့ နွားပြိုင်ပွဲတွေမှာ ဒုန်းနွား တွေပါတယ်။ ဒီပြိုင်ပွဲတိုင်းက အနိုင်ရ နွားတရှည်းကို ကျပ်သိန်း ၁၅၀လောက် တန်တယ်"လို့ ပြောပါတယ်။ မြတ်ညီနောင်ဘုရားပွဲမှာ နွားပြိုင်ပွဲကျင်းပလာတာ ၅၈ကြိမ်ရှိပြီဖြစ်ပြီး  အရင်နှစ်တွေက ပြိုင်ပွဲ ၄မျိုးသာကျင်းပ နိုင်ခဲ့ပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024