DVB Logo
Home
မြန်မာသတင်း
(၇၂) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား ပဲခူးမြို့တွင် ကျင်းပ
DVB
·
February 20, 2019
(၇၂) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား ပဲခူးမြို့တွင် ကျင်းပ
1 / 6
Donate to DVB

(၇၂) ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားကို ပဲခူးမြို့ ရွှေမော်ဓောဘုရား ယာဉ်ရပ်နားဝင်းအတွင်းမှာ ဒီကနေ့မနက်က ကျင်းပပါတယ်။

မွန်လူမျိုးတို့ရဲ့ ဘာသာစကား၊ သာသနာ၊ စာပေ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ မှတ်တမ်းအစဉ်အလာတွေထိန်းသိမ်းဖော်ထုတ် မြှင့်တင်ဖို့၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး စတာတွေအတွက် ရည်ရွယ်ပြီး မွန်အမျိုးသားနေ့ အခမ်းအနားကို ကျင်းပတာဖြစ်ပါတယ်။

မွန်အမျိုးသားနေ့မှာ မွန်စာပေပြိုင်ပွဲ၊ မွန်ရိုးရာ အဆို အက အတီးပြိုင်ပွဲ၊ ထမင်းနဲထိုးပြိုင်ပွဲ၊ မွန်အလှယဉ်ကျေးမယ်ပြိုင်ပွဲ၊ ဆောင်းပါး၊ ဝတ္ထုရှည်၊ ကဗျာ ပုံပြင် ရုပ်ပြောင်ကာတွန်းပြိုင်ပွဲ၊ မွန်ဇာတ်ပွဲ၊ မွန်ရိုးရာယိမ်းအက ဖျော်ဖြေပွဲတွေလည်း ကျင်းပပါတယ်။

မွန်အမျိုးသားနေ့အတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံထံက ပေးပို့လာတဲ့ သဝဏ်လွှာကို ဖတ်ကြားပြီး ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက အလှူ ငွေကျပ်သိန်း ၁၀၀ ကို မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားဖြစ်မြောက်ရေး ဥက္ကဋ္ဌထံ ပေးအပ်ခဲ့ပါတယ်။

ပထမဟံသာဝတီမြို့ပြနိုင်ငံတော်ကို စတင်တည်ထောင်ခဲ့တဲ့ တပို့တွဲ လပြည့်ကျော် (၁) ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ်သတ်မှတ်ပြီး နှစ်စဉ်ကျင်းပတာဖြစ်ပါတယ်။

သတင်း-ဓာတ်ပုံ အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013