DVB Logo
Home
မြန်မာသတင်း
ထိုင်းနယ်စပ်က နေရပ်ပြန် မြန်မာဒုက္ခသည်များ ရေရှည်ရပ်တည်နိုင်ရေး ကူညီမည်
DVB
·
February 20, 2019
ထိုင်းနယ်စပ်က နေရပ်ပြန် မြန်မာဒုက္ခသည်များ ရေရှည်ရပ်တည်နိုင်ရေး ကူညီမည်
Donate to DVB

ထိုင်း- မြန်မာနယ်စပ်က ဒုက္ခသည် ၁၃၁ ဦး ဒီကနေ့ မနက်ပိုင်းက မဲဆောက်-မြ၀တီ နယ်စပ်ဂိတ်ကတဆင့် မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေကနေ ဒုက္ခသည် ၅၀၀ လောက် ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်ကစပြီး ၃ ရက်အတွင်း နယ်စပ်ဂိတ်တွေအသီးသီးကနေ  မြန်မာနိုင်ငံတွင်း ပြန်လည်ဝင်ရောက်ဖို့ ရှိနေတာပါ။

ဒုက္ခသည်တွေဟာ မိမိသဘောဆန္ဒအရ ပြန်လည်ဝင်ရောက်လာတာဖြစ်ပြီး မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ ဘန်မိုင်းနားစွယ်နဲ့ ဘန်းဒုံယမ်းဒုက္ခသည်စခန်း ၅ ခုမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

UNCHR မြန်မာရုံးရဲ ပြည်သူ့သတင်းအချက်အလက်ဆိုင်ရာ အရာရှိ မစ္စကင်ဘယ်ရီဖိလစ်က “ခုရက်တွေအတွင်း နေရပ်ပြန်တွေဟာ မဲဆောက်ချစ်ကြည်ရေးတံတားနဲ့ ဟွေတုံနမ်နယ်စပ် တံတားအမှတ်(၁၃)ကတဆင့် ပြန်လည်ဝင်ရောက်လာကြမှာ ဖြစ်ပြီး၊ မြန်မာနိုင်ငံတော် အစိုးရ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လက်ခံကြိုဆိုမယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။

ပန်လည်ဝင်ရောက်လာမယ့်သူတွေအတွက် ရေရှည်ရပ်တည်နိုင်ဖို့ကူညီမယ့် အပြင် ဒေသခံအစိုးရနဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းကလည်း ငွေသားအထောက်အပံ့နဲ့တကွ ခရီးသွားလာဖို့ ပံ့ပိုးကူညီမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြန်လည်ဝင်ရောက်လာသူအားလုံးအတွက် တလစာ အစားအစာတွေ ကူညီပံ့ပိုးပေးထားသလို UNICEFရဲ့ အကူအညီနဲ့ မိန်းမငယ်လေးတွေအတွက် လိုအပ်တဲ့ အသုံး အဆောင်ပစ္စည်းတွေလည်း ထောက်ပံ့ပေးထားပါတယ်။

“UNHCRအနေနဲ့ မိမိတို့သဘောဆန္ဒအလျောက် နေရပ်ပြန်လိုသူ တဦးတယောက် ဒါမှမဟုတ် မိသားစုတွေအတွက် လိုအပ်တဲ့ အကူအညီတွေ ဆက်လက် ကူညီပံ့ပိုးပေးခြင်းနဲ့ စည်းရုံးလှုံ့ဆော် တင်ပြခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပေးသွားမယ်။ UNHCRအနေနဲ့ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး ကိစ္စနှင့်ပတ်သက်လို့ စီမံကိန်းမူဘောင် ဖော်ဆောင်ရာမှာ မြန်မာနဲ့ ထိုင်းနိုင်ငံ အစိုးရ နှစ်ရပ်စလုံးကို ပံ့ပိုးကူညီပေးဖို့  အဆင်သင့်ရှိတယ်”လို့ မစ္စ ကင်ဘယ်ရီဖိလစ်က ပြောပါတယ်။

ဒုက္ခသည် ၆၅၇ ဦးဟာ  မြန်မာနိုင်ငံကို ပြန်လိုကြောင်း UNHCR ထံထုတ်ဖော် ပြောကြားခဲ့လို့ ၂၀၁၇ခုနှစ်မှာ သူတို့ရဲ့ အမည်စာရင်းကို မြန်မာအစိုးရထံတင်ပြခဲ့ပြီး၊  ၂၀၁၈ခုနှစ်မှာ လိုအပ်တဲ့ စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

၂၀၁၈ခုနှစ်အတွင်းမှာ မြန်မာအစိုးရက နေရပ်ပြန်လိုသူတွေကို ကနဦးနိုင်ငံသား စိစစ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့လည်းသိရပါတယ်။

ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013