DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် မွန်တိုင်းရင်းသားများပါဝင်လာမှု အားတက်ဖွယ်ဖြစ်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
DVB
·
February 20, 2019
ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် မွန်တိုင်းရင်းသားများပါဝင်လာမှု အားတက်ဖွယ်ဖြစ်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
Donate to DVB

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကို မွန်ပြည်သစ်ပါတီ အပါအဝင် မွန်တိုင်းရင်းသားတွေ ပူးပေါင်းပါဝင်လာတာဟာ မွန်ပြည်နယ်အတွက်သာမက ပြည်ထောင်စုကြီးတခုလုံးအတွက်များစွာ အားတက်ဝမ်းမြောက်ဖွယ်ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

ဒီကနေ့ တပို့တွဲလပြည့်ကျော် ၁ ရက်မှာ ကျရောက်တဲ့  (၇၂)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားသို့ပေးပို့တဲ့  သဝဏ်လွှာမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  ပြောကြားလိုက်တာပါ။

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ မချုပ်ငြိမ်းနိုင်သေးတဲ့ အကျိုးဆက်အဖြစ် ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးကွာနေပြီး ဖွံ့ဖြိုးတိုးတက်မှုတွေလည်း နှောင့်နှေးခဲ့ရတယ်။ အစိုးရအနေနဲ့  နှစ်၇၀ ကျော် သက်တမ်းကြာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းစေရေးအတွက် မူလဇာစ်မြစ် နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းဖြေရှင်း နိုင်ရေးအတွက် ကြိုးပမ်းနတယ်။ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေရရှိနိုင်မှသာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မယ်လို့ ဆိုပါတယ်။

ဒီနေ့ဒီအခါမှာ ငြိမ်းချမ်းရေးရဲ့ အရုဏ်ဦး နေခြည်သစ်တွေ မွန်ပြည်နယ်တခုလုံးမှာ လင်းလက် တောက်ပလျက် နွေးထွေးစွာ လွှမ်းခြုံလာနေတာ မွန်တိုင်းရင်းသားတွေ အားလုံးအသိဖြစ်တယ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးလမ်းမှာ စိန်ခေါ်မှုတွေ ရှိနေပေမယ့် ပြည်ထောင်စုသားသမီးတွေရဲ့ ညီညွတ်မှုနဲ့ ရင်ဆိုင်ကျော်လွှားနိုင်မယ်လို့ အခိုင်အမာယုံကြည်တယ်။ အနာဂတ်ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုသို့ ဦးတည်လျှောက်လှမ်းရာမှာ မွန်တိုင်းရင်းသားတွေအနေနဲ့ ဆက်လက်ပါဝင်နိုင်ဖို့ ဆုတောင်း တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

သာမလနဲ့ ဝိမလ မွန်ညီနောင်နှစ်ပါးတို့က ဟံသာဝတီပဲခူးမြို့တော်ကို စတင်ထူထောင်ခဲ့တဲ့ သာသနာ သက္ကရာဇ် ၁၁၁၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် နှစ်စဉ် ကျင်းပလာခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013