DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်မြို့တွင် မူးယစ်ဆေးဝါး စစ်ဆေးရာက ကျည် ၁၃၉ တောင့်ဖမ်းမိ
DVB
·
February 20, 2019
တောင်ကုတ်မြို့တွင် မူးယစ်ဆေးဝါး စစ်ဆေးရာက ကျည် ၁၃၉ တောင့်ဖမ်းမိ
Donate to DVB

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ ဖေဖော်ဝါရီ ၁၉ ရက် နေ့လည်ပိုင်းက မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ နှစ်ဦးကို စစ်ဆေးရာကနေ နေအိမ်အတွင်း သိမ်းဆည်းထားတဲ့ ၉ မမ ကျည်နဲ့ ၅ ဒသမ ၅၆ အမျိုးအစား ကျည်ဆန် ၁၃၉ တောင့်ကို ဖမ်းဆီးမိခဲ့ပါတယ်။

တောင်ကုတ်မြို့ ဂူတာရပ်ကွက်က ဖြိုးဟိန်းနဲ့ သိမ်တောင်ရပ်ကွက်က ကျော်မင်းထွန်း (ခ) ဖိုးချိုတို့ တစီးတည်းစီးလာတဲ့ ဆိုင်ကယ်ကို သတင်းအရ ရပ်တန့်စစ်ဆေးရာကနေ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀ ပြား ဖမ်းမိခဲ့တာပါ။

အဲဒီနောက် သူတို့ရဲ့နေအိမ်တွေကို သွားရောက်စစ်ဆေးတဲ့အခါမှာ ဖြိုးဟိန်းရဲ့နေအိမ်က စက္ကူပုံးထဲထည့်ထားတဲ့ ၉ မမ ကျည် ၅၉ တောင့်နဲ့ ၅ ဒသမ ၅၆ အမျိုးအစား ကျည် ၈၀ တို့ကို တွေ့ရှိခဲ့တာလို့  တောင်ကုတ်မြို့ရဲစခန်းမှူး ဒုရဲမှူး လှတင့်က ဒီဗွီဘီကို ပြောပါတယ်။

“ကျည်တွေ့တာက ဖြိုးဟိန်းအိမ်က တွေ့တာပေါ့။ ကျန်တဲ့ တယောက်အိမ်ကတော့ ဘာမှ မတွေ့ဘူး။ ကျည်ကတော့ တောင်ကုတ်မြို့မှာ တပ်တွေ၊ ဘာတွေနဲ့ အတူနေကြတာပေါ့နော်။ စစ်သားတယောက်ဆီက အဟောင်းတွေ မို့လို့ ပစ်မရလို့ ပေးလိုက်တာ။ သူကလည်း မြန်မာစစ်တပ်ကလား ရေရေရာရာ မသိသေးဘူးဗျ အဲဒါကို။ တပ်ရယ်။ ဘာရယ်ဆိုတာ လည်း ကွဲကွဲပြားပြားတော့ မသိသေးဘူး။ ခုမှ စစ်တုန်းပေါ့”

တွေ့ရှိတဲ့ ကျည်တွေဟာ စစ်သားတစ်ယောက်ဆီကနေပေးခဲ့တယ်လို့ တရားခံတွေက ထွက်ဆိုထားပေမဲ့ အတည်မပြုနိုင် သေးသလို ကျည်တွေဟာလည်း ဟောင်းနေပြီး ပစ်မရတော့ဘူးလို့ ဆိုပါတယ်။

ဒ့ါအပြင် သူတို့နှစ်ဦးစီးနင်းလာတဲ့ Suzuki အနီရောင်ဆိုင်ကယ်တစီးနဲ့ နေအိမ်အတွင်းက တွေ့ရှိခဲ့တဲ့ ငွေကျပ် ၂၅၀၀၀ ကိုလည်း သက်သေခံပစ္စည်းတွေအဖြစ် သိမ်းဆည်းထားတယ်လို့ တောင်ကုတ်ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖမ်းဆီးမိထားတဲ့ သူနှစ်ဦးကို တောင်ကုတ်မြို့မစခန်းက မူးယစ် ပုဒ်မ ၂၂ (ခ)နဲ့ အမှုဖွင့် ထားပြီး ဆက်လက်စစ်ဆေးမေးမြန်းနေပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013