DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးပူးပေါင်းကူညီရန် ချင်းအမျိုးသားနေ့၌ သမ္မတတိုက်တွန်း
DVB
·
February 20, 2019
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးပူးပေါင်းကူညီရန် ချင်းအမျိုးသားနေ့၌ သမ္မတတိုက်တွန်း
Donate to DVB

အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး ချင်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ နိုင်ငံတော် သမ္မတက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ကျရောက်တဲ့ (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောကြားထားတာပါ။

“တိုင်းရင်းသားပြည်သူအားလုံး လိုလားတောင့်တနေတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူ ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက်ပေးနိုင်မယ့် အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး စသည်တို့အတွက် ချင်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအနေနဲ့ ခိုင်မာတဲ့ ပြည်ထောင်စု စိတ်ဓာတ်နဲ့ ဆက်လက်ပူးပေါင်း ကြိုးပမ်းဆောင်ရွက်ပေးကြဖို့ အလေးအနက်တိုက်တွန်းတယ်”လို့ သမ္မတရဲ့  သဝဏ်လွှာမှာ ဖော်ပြပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ နိုင်ငံရေးစားပွဲ ဝိုင်းတွေ ကျင်းပနေရာမှာ ချင်းတိုင်းရင်းသားတွေအနေနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပပြီး ပါဝင်ပူးပေါင်း ကြိုးပမ်းဆောင်ရွက်နေတာကို ဂုဏ်ယူဝမ်းမြောက်ဖွယ်တွေ့မြင်နေရတယ်လို့လည်း သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။

တောင်တန်းထူထပ် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ချင်းပြည်နယ်အတွက် လမ်းသစ်တွေ ဖောက်လုပ်ပေးနေသလို ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေးနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနေတယ်၊ ချင်းပြည်နယ်ဟာ သဘာဝအရင်းအမြစ်တွေတည်ရှိရာ ပြည်နယ်ဖြစ်လို့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာတာနဲ့ အမျှ သဘာဝခရီးသွားလုပ်ငန်း အရှိန်အဟုန်နဲ့  တိုးတက်လာမယ်လို့ သမ္မတက ပြောပါတယ်။

လွတ်လပ်ရေးရအပြီး ၁၉၄၈ ဖေဖော်ဝါရီ ၂၀ ရက်က  ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ လူထုညီလာခံကျင်းပပြီး တိုက်သူကြီးများ(စော်ဘွားများ) အုပ်ချုပ်တဲ့စနစ်ကနေ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့တဲ့နေ့ကို ချင်းအမျိုးသားနေ့ အဖြစ် နှစ်စဉ်ကျင်းပတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013