DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
February 19, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက တတန်ကို ၆၂၂၀၀၀ ပေါက်ဈေးရှိပြီး ၈၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲတီစိမ်း

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲတီစိမ်းက တပိသာကို ၁၄၃၀ ကနေ ၂၁၉၅ အထိ ပေါက်ဈေးရှိပြီး ၁၅ ကျပ် ဈေးကျဆင်းသွားပါတယ်။

ကုလားပဲဖြူလုံး

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကုလားပဲဖြူလုံးက တပိသာကို ၁၃၅၀ ကနေ ၁၃၈၅ အထိ ပေါက်ဈေးရှိပြီး ၁၅ ကျပ် ဈေးတက်လာပါတယ်။

စွန်တာနီ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ စွန်တာနီက တပိသာကို ၁၁၃၀ ကနေ ၁၂၂၀ အထိ ပေါက်ဈေးရှိပြီး ၅၀ ကျပ် ဈေးတက်လာပါတယ်။

ဘိုကိတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ဘိုကိတ်ပဲက တပိသာကို ၉၁၅ ကနေ ၁၀၀၀ အထိ ပေါက်ဈေးရှိပြီး ၃၀ ကျပ် ဈေးတက်လာပါတယ်။

ပဲလွန်းဖြူ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲလွန်းဖြူက တပိသာကို ၉၆၅ ကနေ ၁၁၀၀ အထိ ပေါက်ဈေးရှိပြီး ၅၀ ကျပ် ဈေးတက်လာပါတယ်။

ကြက်သွန်ဖြူ (ကြူကုတ်)

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်ဖြူ (ကြူကုတ်) က တပိသာကို ၁၅၇၅ ပေါက်ဈေးရှိပြီး ၂၅ ကျပ် ဈေးတက်လာပါတယ်။

အိန္ဒိယ (ငြုပ်ရှည်)

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ အိန္ဒိယ (ငြုပ်ရှည်) က တပိသာကို ၃၇၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက ပဲတီစိမ်းက ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးတက်လာခဲ့ပါတယ်။ အသစ်တွေ ဆက်တိုက်ဝင်နေခဲ့ပြီး ဝယ်လိုအားကလည်း များတဲ့အတွက် ဈေးတက်လာတာဖြစ်ပါတယ်။

နောက်သီးနှံတခုကတော့ ကုလားပဲဖြစ်ပါတယ်။ ကုလားပဲက လက်ရှိမှာ အသစ်တွေ ဆက်တိုက်ဝင်နေတာ ဖြစ်တဲ့အတွက် အဟောင်းဈေးတွေက တက်နေခဲ့ပါတယ်။ ပဲခွဲစက်တွေကလည်း ဆက်တိုက်ဝယ်ယူနေတာဖြစ်လို့ ဈေးက ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တပိသာကို ၁၀၀ လောက် တက်လာပါတယ်။

ကြက်သွန်ဖြူ (ကြူကုတ်) ကလည်း ဈေးတက်လာပါတယ်။ တရုတ်ကနေ ဝင်ရောက်တာဖြစ်ပြီး လတ်တလော ဝင်ရောက်မှု နည်းနေတဲ့အပြင် ပြည်တွင်းစားသုံးမှုကလည်း များနေတဲ့အတွက် ဈေးတက်လာခဲ့ပါတယ်။ ရက် ၂၀ အတွင်း တပိသာကို ၂၀၀ ကျော်လောက် ဈေးမြင့်တက်လာခဲ့ပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013