DVB Logo
Home
မြန်မာသတင်း
ခြောက်ခြားဖွယ် လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ဝင်တေး (ရုပ်သံ)
DVB
·
February 19, 2019
ခြောက်ခြားဖွယ် လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ဝင်တေး (ရုပ်သံ)
Donate to DVB

“ကြောင်ပါးကြီးရဲ့ မြီးတံတို… အဆီကိုစားပါလို့… အသားကိုမျို… ကြောင်အိုပေ မှေး… ကိုက်ပါလှည့်လေး”

ဒါကို မြင်လိုက်တာနဲ့ ပရိသတ်တွေက ထင်ရှားတဲ့ သားချော့တေးကဗျာတပုဒ်မှန်း သိကြပြီး ဖြစ်မှာပါ။ ဒီတခါမှာတော့ ဒီကဗျာကို ရုပ်ရှင်ဇာတ်ဝင်တေးတပုဒ်အသွင်နဲ့ ပုံစံတမျိုး ဖန်တီးထားပြီး ခြောက်ခြောက်ခြားခြား ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

Until We Meet Again လို့ နာမည်ပေးထားတဲ့ ဇာတ်ဝင်သီချင်းကိုတော့ လတ်တ လောနာမည်ကြီးနေတဲ့ လိပ်ပြာစံအိမ် - The Only Mom မှာ အသုံးပြုထားခဲ့ပြီး တေးသံရှင် ခင်ပိုးပန်းချီက သီဆိုပေးထားခဲ့တာ ဖြစ်ပါတယ်။

မိခင်က သမီးကို အိပ်ယာဝင်တေး ဆိုပြနေဟန် ရုပ်ရှင်ဇာတ်လမ်းကျောရိုးနဲ့ လိုက် ဖက်အောင် တေးရေး နေ၀င်းထွန်းနဲ့ မေမျိုးဟန်တို့က ပေါင်းစပ်ဖန်တီးထားခဲ့တဲ့ သီချင်း လေးတပုဒ်ဖြစ်ပါတယ်။

သွေးပျက်ခြောက်ခြားစရာ ဇာတ်ဝင်ခန်းတွေနဲ့ ထူးထူးခြားခြား ရိုက်ကူးပုံဖော် ထားတဲ့ လိပ်ပြာစံအိမ် ရုပ်ရှင်ကားကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ကတည်းက  ရုံတင်ပြသခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ လူပြောများအောင်မြင်နေတဲ့ ရုပ်ရှင်ကားတ ကား ဖြစ်နေပါတယ်။

ဒီကားကိုတော့ Brave Empire Entertainment က တင်ဆက်လိုက်တာဖြစ်ပြီး မြန်မာပရိသတ်ကြား နာမည်ကြီးခဲ့တဲ့ From Bangkok to Mandalay ရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့ ထိုင်းရုပ်ရှင်ဒါရိုက်တာ ChaartChai Ketnust က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ရိုးရာနတ်ကိုးကွယ်ယုံကြည်မှုနဲ့ ၀ိဉာဉ်လောကကြား ဆက်နွယ်မှုတွေကို ပုံဖော် ဖန်တီးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ အားပြိုင်မှုတွေကို ပရိသတ်တွေက သွေးပျက် ထိတ်လန့်စရာ မြင်ကွင်းတွေ၊ ပုံဖော်ဖန်တီးမှုတွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ခြောက် ခြားစရာကောင်းတဲ့ ဒီလိပ်ပြာစံအိမ်ထဲမှာ ဘယ်လိုဝမ်းနည်းကြေကွဲစရာကောင်းတဲ့ အ ဖြစ်အပျက်တွေ ရှိနေခဲ့သလဲ။ ဒါတွေကို ပရိသတ်တွေက ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ ပရိသတ်ကြိုက် သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ နိုင်းနိုင်း၊ ဒေါင်း၊ ၀တ်မှုန်ရွှေရည်တို့နဲ့အတူ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့က အဓိက ဇာတ်ကောင်တွေနေရာမှာ ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။

    အခုမျှဝေပေးလိုက်တဲ့ ဇာတ်ဝင်သီချင်းကတော့ ရုပ်ရှင်နဲ့ လိုက်ဖက်ညီတဲ့ သံစဉ် တီးလုံးတွေနဲ့အတူ ခင်ပိုးပန်းချီရဲ့ အသံနဲ့ ပေါင်းစပ်ပြီး ရသတမျိုး ခံစားရစေမှာ ဖြစ်ပါ တယ်။

    ခင်ပိုးပန်းချီဟာ ဆို၊က၊ရေး၊တီး သီချင်းဆိုပြိုင်ပွဲတွေမှာ ဆုရရှိခဲ့ပြီး တရားတောင်း သီချင်းအပါအ၀င် မြန်မာသံစဉ်သီချင်းတွေနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားထင်ရှားပြီး ဒီသီချင်းကတော့ သူသီဆိုတဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ဝင်တေးတပုဒ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013